စိတ်ဖိစီးမှုများကိုကိုင်တွယ်ဖြေရှင်း ခြင်း၏ အရေးပါမှု
နေ့စဉ်ဘဝမှာစိတ်ဖိစီးမှုတွေကိုလုံးဝရှောင်လွှဲဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။လုပ်ငန်းခွင်ဝင်နေရတဲ့နေရတဲ့လူကြီးတစ်ယောက်အနေနဲ့အလုပ်ဆိုင်ရာ ပန်းတိုင်တွေပြည့်မီဖို့၊ဘီလ်ငွေတွေကိုမှန်မှန်ပေး ဆောင်ဖို့၊မိသားစုတာဝန်တွေကိုထမ်းဆောင်ဖို့စတဲ့ဖိအားတွေနဲ့ရင်ဆိုင်ရပါတယ်။သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအချိန်မှီမပြီးနိုင်တာ၊တစ်နေ့တာလုံးမှာအလုပ်တွေကိုအပြီးသတ်ဖို့အချိန်လုံလောက်မှုမရှိဘူးလို့ခံစားရတတ်ပါတယ်။နောက်ဆုံးမှာတော့ ဖိအားတွေတဖြည်းဖြည်းစုပုံလာပြီးသင့်ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ လူမှုဘဝ ကိုပါထိခိုက်လာတတ်ပါတယ် စိတ်ဖိစီးမှုဟာမကောင်းတဲ့အရာတစ်ခုလို့အမြဲတမ်းသတ်မှတ်လို့မရပါဘူး။အနည်းငယ်သောစိတ်ဖိစီးမှုကသင့်ကိုအာရုံစူးစိုက်စေပြီးသင့်ရဲ့အလုပ်အကိုင် မှာထူးချွန်အောင်လုပ်ဆောင်ဖို့လှုံ့ဆော်ပေးနိုင်ပါတယ်။ဒါပေမယ့်သင်ဟာမကြာခဏပင်ပန်းနွမ်းနယ်ပြီးစိတ်ဓာတ်ကျနေတယ်လို့ခံစားရတယ်ဆိုရင်သင့်ရဲ့ခံစားချက်နဲ့အတွေးတွေကိုထိန်းချုပ်ဖို့လိုအပ်ပါ တယ်။သင့်ဘဝဟာဘယ်လောက်ပဲစိတ်ဖိစီးစရာကောင်းနေပါစေ၊ဖိအားတွေကိုကျော်လွှားပြီးသင့်ဘဝကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နည်းလမ်းတွေအမြဲတမ်းရှိပါတယ်။ စိတ်ဖိစီးမှုများကိုကိုင်တွယ်ဖြေရှင်းခြင်း၏ အရေးပါမှု သင့်ရဲ့စိတ်ဖိစီးမှုအဆင့်ဟာလွန်လွန်ကဲကဲဖြစ်လာ ပြီးသင့်ရဲ့ကျန်းမာရေးအပေါ်ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်ဆိုရင်၊ စိတ်ပိုင်းရော …