
အမျိုးအစား(၂)ဆီးချိုရောဂါ
ဆီးချိုရောဂါဆိုသည်မှာ သင့်သွေးထဲရှိ ဂလူးကို့စ်ပမာဏများနေသော ဘဝတစ်သက်တာ ခံစားရနိုင်သည့် အခြေအနေတစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ် အမျိုးသားကျန်းမာရေးနှင့် ဖျားနာမှုစစ်တမ်းအရ လူကြီးများ၏ ၂၀% နီးပါးတွင် ဆီးချိုရောဂါရှိကြောင်း တွေ့ရှိရသည်။ ထို့အပြင် ဆီးချိုရောဂါရှိသည်ဟု အတည်ပြုခံရသူများ၏ ၅၀% နီးပါးသည် မိမိတို့တွင် ဤရောဂါရှိမှန်း မသိရှိကြောင်း စစ်တမ်းက ဖော်ပြခဲ့သည်။ ဆီးချိုရောဂါ၏ အဖြစ်များဆုံးအမျိုးအစားများမှာ အမျိုးအစား (၁) ဆီးချို နှင့် အမျိုးအစား (၂) ဆီးချို တို့ဖြစ်ပြီး၊အမျိုးအစား(၂)ဆီးချိုရောဂါသည်ဖြစ် ပွားမှုအများဆုံး(၉၀%ကျော်)အမျိုးအစား ဖြစ်သည်။
အမျိုးအစား(၂)ဆီးချိုရောဂါကို ဖြစ်စေသောအကြောင်းရင်းများ
အမျိုးအစား (၂) ဆီးချိုရောဂါသည် ခန္ဓာကိုယ်က အင်ဆူလင်၏အာနိသင်ကိုခံနိုင်ရည်ရှိလာခြင်း(အင်ဆူလင်ကိုယဉ်ပါးလာခြင်း)နှင့်/သို့မဟုတ်မုန့်ချိုအိတ်မှလုံလေ ာက်သောအင်ဆူလင်မထုတ်လုပ်နိုင်ခြင်း(အင်ဆူလင်ချို့တဲ့ခြင်း)တို့ကြောင့်တဖြည်းဖြည်း ချင်း ဖြစ်ပေါ်လာပါသည်။ ဤအခြေအနေကြောင့် ဂလူးကို့စ်(သွေးသကြားဓာတ်)များသည်သွေးထဲ တွင် စုပုံနေပြီး ခန္ဓာကိုယ်အင်္ဂါများမှစွမ်းအင်အဖြစ် အသုံးမပြုနိုင်တော့ပါ။အောက်ပါအန္တရာယ်ဖြစ်စေသောအကြောင်းရင်းများသည်သင့်တွင်ဆီးချိုရော ဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။
- ကိုယ်အလေးချိန်များခြင်း-ကိုယ်အလေးချိန်များပါက ခန္ဓာကိုယ်ဆဲလ်များသည် အင်ဆူလင်ကို ခံနိုင်ရည်ရှိလာပါသည်။
- ကိုယ်လက်လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံ
- မျိုးရိုးဗီဇ- မိသားစုဝင်တွင် ဆီးချိုရောဂါရှိပါက သင့်တွင်လည်း ဆီးချိုဖြစ်နိုင်ခြေ ပိုများပါသည်။
- ဟော်မုန်းဆိုင်ရာရောဂါများ- ကျူရှင်းရောဂါစု (Cushing’s syndrome)၊ အခရိုမီဂေလီ (Acromegaly) သို့မဟုတ် သိုင်းရွိုက်ရောဂါ (Thyroid disease)ကဲ့ သို့သောဟော်မုန်းမ ညီမျှမှုများ
- မုန့်ချိုအိတ်ပျက်စီးခြင်း- မုန့်ချိုအိတ်ရောင်ခြင်း (ပန်ကရိယရောင်ရမ်းခြင်း) သို့မဟုတ် ကင်ဆာကြောင့် မုန့်ချိုအိတ်ပျက်စီးခြင်း
- အရက် ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ (NAFLD)
- ဆေးဝါးအချို့- စတီးရွိုက်ဆေးများ သို့မဟုတ် HIV ကုထုံးကဲ့သို့သော ဆေးဝါးများ

အမျိုးအစား(၂)ဆီးချိုရောဂါ၏ လက္ခဏာများ
ဆီးချိုရောဂါရှိသူအများစုသည်ရောဂါနုစဉ်ကာလတွင်မည်သည့်လက္ခဏာမျှမပြဘဲ၊နောက်ပိုင်းအချိန်တွင်မှအော က်ပါလက္ခဏာများကိုစတင်ခံစားရလေ့ရှိပါသည်။
- ရေအလွန်ငတ်ခြင်း
- ပုံမှန်ထက် ဆီးပို၍သွားခြင်း
- ပို၍မောပန်းလွယ်သည်ဟုခံစားရခြင်း
- ကိုယ်အလေးချိန် သိသိသာသာကျဆင်းခြင်း
- အမြင်မှုန်ဝါးလာခြင်း
- အနာ၊ထိရှဒဏ်ရာများ ပျောက်ကင်းရန် အချိန်ယူရခြင်း
ဆီးချိုရောဂါ စစ်ဆေးသင့်သူများ
ဆီးချိုရောဂါ စစ်ဆေးခြင်းကို လူကြီးအားလုံး (အသက် ၃၀ ကျော်)တွင်နှစ်စဉ်ပြုလုပ်သင့်ပါသည်။ အထူးသဖြင့် အောက်ပါအန္တရာယ်အချက်များ ရှိပါက ပို၍ အရေးကြီးပါသည်။
၁။ အထက်တွင်ဖော်ပြထားသောဆီးချိုရောဂါလက္ခ ဏာများ ရှိသူမည်သူမဆို
၂။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ဆီးချို (Gestational Diabetes)ရှိခဲ့ဖူးသောအမျိုးသမီးများ
၃။ ဆီးချိုအစပျိုးအဆင့် (Pre-Diabetic) (HbA1c 5.7-6.2%)ရှိသူသို့မဟုတ်သကြားရည်သောက်၍စစ်ဆေးမှုတွင်ဂလူးကို့စ်ခံနိုင်ရည်အားနည်းခြင်း /အစာရှောင်ပြီးဂလူးကို့စ်ခံနိုင်ရည်အားနည်းခြင်း ရှိသူများ
၄။ ကိုယ်အလေးချိန်များပြီး BMI > 23 သို့မဟုတ် ခါးဆိုဒ်ကြီးသူ (အမျိုးသမီး > 80cm သို့မဟုတ် အမျိုးသား > 90cm) ဖြစ်ကာ အောက်ပါကျန်းမာရေးအခြေအနေများထဲမှ မည်သည့်တစ်ခုမဆို ရှိသူများ-
- နှလုံးရောဂါအခံရှိခြင်း
- မိသားစုထဲတွင် ဆီးချိုမျိုးရိုးရှိခြင်း
- သွေးတိုး
- သွေးထဲတွင် အဆီဓာတ်များခြင်း (HDL < 0.9 mmol/l သို့မဟုတ် TG > 2.8 mmol/l)
- ၄ ကီလိုဂရမ်အထက် ကလေး မွေးဖွားခဲ့သည့် အမျိုးသမီးများ
- ကိုယ်ဝန်ဆောင်စဥ်ဆီးချိုတက်သော မိခင်များမှ မွေးဖွားလာသူများ
- လှုပ်ရှားမှုမရှိခြင်း သို့မဟုတ် အထိုင်များသော ဘဝနေထိုင်မှုပုံစံ
- ရေရှည်ဆေးဝါးကုသမှု ခံယူနေသူများ (ဥပမာ စတီးရွိုက်သို့မဟုတ်အေအာရ်တီကုထုံးကဲ့သို့ သော ဆေးများ)

ဆီးချိုရောဂါရှာဖွေခြင်း
ဆီးချိုရောဂါကိုရှာဖွေစစ်ဆေးရန်နည်းလမ်းအနည်းငယ်ရှိပြီး ကုသမှုမစတင်မီ သင့်ဆရာဝန်၏ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဓာတ်ခွဲခန်းတွင် စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။.
1.၁။ အစာရှောင်သွေးချိုစစ်ဆေးခြင်း နှင့် ကျပန်းလက်ထိပ်သွေးချိုစစ်ဆေးခြင်း
A.အစာရှောင်ပြီး ပလာစမာဂလူးကို့စ် (FPG) စစ်ဆေးခြင်းသည် ဆီးချိုရောဂါ သို့မဟုတ် ဆီးချိုမဖြစ်ခင်အခြေအနေကို သိရှိနိုင်ရန်အတွက် သွေးစစ်ဆေးခြင်းဖြစ်ပြီး စစ်ဆေးမှုမပြုလုပ်မီ ၈ နာရီကြာ အစာရှောင်ရန် လိုအပ်ပါသည်။
B.ကျပန်းပလာစမာဂလူးကို့စ်(RPG)စစ်ဆေးခြင်း သည်သင်၏သွေးတွင်းသကြားဓာတ်ကိုမည်သည့်အချိန်တွင်မဆို တိုင်းတာနိုင်ပါသည်။
သွေးအဖြေဖတ်ခြင်း
- ရောဂါလက္ခဏာများရှိသူများအတွက်မူ သွေးတွင်းသကြားဓာတ် မမှန်ကန်မှု တစ်ကြိမ်တွေ့ရှိရုံဖြင့် ရောဂါရှာဖွေအတည်ပြုရန် လုံလောက်ပါသည်။
- ရောဂါလက္ခဏာများမရှိသူများအတွက်မူ သွေးတွင်းသကြားဓာတ် မမှန်ကန်မှု နှစ်ကြိမ်တွေ့ရှိရန် လိုအပ်ပါသည်။
| အစာရှေင်ပြီးစစ် ဆေးခြင်း | ကျပန်းစစ်ဆေးခြင်း | |
| သွေးပြန်ကြောမှ သွေးကိုစစ်ဆေးခြင်း (mmol / l) | > ၇ | > ၁၁.၁ |
2. HbA1c ခေါ် သွေးစစ်ဆေးခြင်း
HbA1C စစ်ဆေးမှုသည် လွန်ခဲ့သော ၂-၃ လအတွင်း သင်၏ ပျမ်းမျှ သွေးတွင်းသကြားဓာတ်ကို တိုင်းတာပါသည်။ ၎င်းသည် လွန်ခဲ့သော ၂-၃ လတာကာလအတွင်း သင့်သွေးတွင်းသကြားဓာတ် မည်မျှ ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည်ကို ပြသပါသည်။ သွေးအဖြ ပုံမှန်ထက် များပါက ဆီးချိုရောဂါ၏ သွေးကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေ မြင့်မားသည်ဟု ဆိုလိုပါသည်။
သွေးအဖြေဖတ်ခြင်း
- ရောဂါလက္ခဏာများရှိသူများအတွက်မူ မမှန်ကန်သော ရလဒ် ၁ ခုသည် ရောဂါရှာဖွေရန် လုံလောက်ပါသည်။
- ရောဂါလက္ခဏာမရှိသူများအတွက်မူ ပထမအကြိမ် မမှန်ကန်သော စစ်ဆေးမှုရလဒ်နောက် ၄ ပတ်အတွင်း HbA1c ကို ထပ်မံစစ်ဆေးသင့်ပါသည်။
| ပုံမှန် | ဆီးချိုအစပျိုးအဆင့် | ဆီးချိုရောဂါ |
| < ၅.၆% | ၅.၇-၆.၂% | > ၆.၃% |
3. သကြားရည် တိုက်၍ သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း
သကြားရည်တိုက်၍သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း (OGT) သည် ချိုသောအရည်ဖြစ်သည့် ဂလူးကို့စ်ရည်ကိုမသောက်သုံးမီနှင့်သောက်သုံးပြီးနောက် သင့်သွေးတွင်းသကြားဓာတ်ပမာဏကို တိုင်းတာခြင်းဖြစ်သည်။ အရည်ကို မသောက်သုံးမီ သင့်သွေးကို တစ်ကြိမ်ထုတ်ယူပြီး၂နာရီအကြာတွင် နောက်တစ်ကြိမ် ထုတ်ယူပါမည်။
သွေးအဖြေဖတ်ခြင်း
- ၂နာရီကြာပြီးနောက်သွေးတွင်းသကြားဓာတ် သည် ၁၁.၁mmol/l အထက်ရှိနေပါကဆီးချိုရော ဂါဖြစ်ကြောင်း အတည်ပြုနိုင်ပါသည်။
- ၂နာရီကြာပြီးနောက်သွေးတွင်းသကြားဓာတ်သည် ၇.၈-၁၁.၁ မီလီမိုးလ်/လီတာအတွင်းရှိနေပါက ဆီးချိုအစပျိုးသည့်အခြေအနေ(ဂလူးကို့စ်ခံနိုင်ရည်အားနည်းခြင်း) ဟု သတ်မှတ်ပါသည်။
| အမျိုးအစားများ | ပထမအကြိမ်(mmol/l) | ၂ နာရီကြာ(mmol/l) |
| ပုံမှန် | < ၆.၁ | < ၇.၈ |
| အစာရှောင်ဆီးချိုစစ်ဆေး ခြင်းပုံမှန်မဟုတ်ခြင်း (I-IFG) | ၆.၁-၆.၉ | |
| သကြားရည်သောက်ဆီးချို စစ်ဆေးခြင်းပုံမှန်မဟုတ် ခြင်း (I-IGT) | ၇.၈-၁၁.၀ | |
| ဆီးချိုတက်ခြင်း | > ၇ | > ၁၁.၁ |
ဆီးချိုရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများ
ဆီးချိုရောဂါအား သင့်တော်သော ကြီးကြပ်ကုသမှု ခံယူရန်အရေးကြီးပါသည်။အဘယ်ကြောင့်ဆိုသော် ကုသမှုမခံယူပါကသို့မဟုတ်ထိရောက်စွာထိန်းချုပ်နိုင်ခြင်းမရှိပါကရေရှည်တွင်အောက်ပါဆိုးကျိုးများကဲ့သို့သော ပြင်းထန်သည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်ပါသည်။
- ကျောက်ကပ်ထိခိုက်ခြင်း
- ခြေလက်အာရုံကြောနှင့် သွေးကြောမျှင်များပျက်စီးခြင်း
- ဆီးချိုရောဂါကြောင့်ဖြစ်သော မျက်စိအာရုံကြောပျက်စီးခြင်း
- ခြေတောက်ထုံခြင်း သို့မဟုတ် အနာဖြစ်ခြင်း
- နှလုံးရောဂါဖြစ်ခြင်း
- လေဖြတ်ခြင်း
- လိင်စိတ်ပုံမှန်မဟုတ်ခြင်း
- ကလေးပျက်ကျခြင်း
စာရင်းဇယားများအရ ဆီးချိုရောဂါရှိသူများ၏ ၆၀% သည် နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများကြောင့် သေဆုံးကြပြီး၊ ၁၄% ခန့်တွင် ကျောက်ကပ်ရောဂါ၊ ၁၁% ခန့်တွင် ဆီးချိုမျက်စိရောဂါ၊ နှင့် ၂% ခန့်တွင် ဆီးချိုသွေးချိုကြောင့် ဖြစ်သော ခြေဖဝါးအနာများ ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ဤနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန်အတွက် ဆီးချိုရောဂါကို ပုံမှန်စောင့်ကြည့်ကုသရန် ဆရာဝန်၊ အစာအာဟာရပညာရှင် (သို့) ဆေးဝါးပညာရှင်နှင့် ပုံမှန်ပြသရန် အရေးကြီးပါသည်။
သင့်ဆီးချိုရောဂါထိန်းချုပ်မှုကို ပိုမိုကောင်းမွန်စေရန်နှင့် ဆီးချိုနှင့်ဆက်စပ်သော ကျန်းမာရေးပြဿနာများ မဖြစ်ပေါ်စေရန် သင့်ဆရာဝန်၊ အစာအာဟာရပညာရှင် (သို့) ဆေးဝါးပညာရှင်နှင့် သင့်ကျန်းမာရေးအခြေအနေကို အချိန်ယူဆွေးနွေးပါ။
ရှင်းလင်းချက်။ TELEME ဘလော့ဂ်ပို့စ်များတွင် ကျန်းမာရေးအခြေအနေများနှင့် ကုသမှုများအကြောင်း အထွေထွေအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက် အစားထိုးရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အဆိုပါအချက်အလက်များသည် အကြံဉာဏ်မဟုတ်သည့်အပြင် ထိုကဲ့သို့ မှတ်ယူခြင်းလည်း မပြုသင့်ပါ။ သင်သည် မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးကိုမဆို ခံစားနေရသည်ဟု ထင်ပါက သင့်ဆရာဝန် သို့မဟုတ် အခြားကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါသည်။ ဤဝက်ဘ်ဆိုက်ရှိ အချက်အလက်များကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် နောက်မဆုတ်သင့်ပါ၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို လျစ်လျူမရှုသင့်ပါ သို့မဟုတ် ဆေးကုသမှုကို ရပ်ဆိုင်းခြင်း မပြုသင့်ပါ။





