
ဆီးချိုသမားများအတွက်အစားအစာ
ဆီးချိုသမားများအတွက် အစားအစာစီမံချက်သည် ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံဖြစ်ပြီးလိုအပ်သောကယ်လိုရီပမာဏနှင့်အစားအစာအမျိုးအစားများကို မျှတစွာ ပါဝင်စေသည်။ ဆီးချိုရောဂါသည်များအတွက်အစားအစာစီမံချက်၏ ရည်ရွယ်ချက်မှာ ကျန်းမာသောသူများနှင့် တူညီသော ဘဝအရည်အသွေးကို ရရှိစေရန်ဖြစ်ပြီး
- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန် ပိုမိုလွယ်ကူစေရန်
- ဆီးချိုဆေးများ/အင်ဆူလင်ဆေးများ ပိုထိုးရ/ပိုသောက်ရမှု နည်းစေရန်
- ဆီးချိုရောဂါနှင့်ဆက်စပ်သော နောက်ဆက်တွဲပြဿနာများ (သို့) ဆေးရုံတက်ရောက်ရမှု အန္တရာယ်ကို လျှော့ချရန်
- သာမန်လူတစ်ဦးကဲ့သို့ သက်တမ်းရှည်စွာ အသက်ရှင်နိုင်ရန်
ဆီးချိုထိန်းဖို့ ဘာကြောင့်အရေးကြီးတာလဲ
အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန် ဆီးချိုကိုကောင်းစွာထိန်းရန် အရေးကြီးပါသည်။
- လက်နှင့်ခြေတောက်ရှိသွေးလွတ်ကြောများထိ ခိုက်ကာ သွေးစီးဆင်းမှုနှေး၍ အနာများ ဖြစ်ခြင်း
- အာရုံကြောထိခိုက်မှုကြောင့် ခြေချောင်းနှင့်လက်ချောင်းများတွင် ထုံကျင်ခြင်းနှင့် စပ်ဖျဉ်းဖျဉ်းခံစားရခြင်း
- ဆီးချိုကြောင့်မျက်စိအတွင်းသွေးယိုပြီး အမြင်အာရုံဆုံးရှုံးခြင်း (ဆီးချိုရှိသူများတွင် မျက်စိအာရုံကြောပျက်စီးမှုသည် လူငယ်များ၏ အမြင်အာရုံဆုံးရှုံးမှုအတွက် အဖြစ်အများဆုံးအကြောင်းရင်းဖြစ်သည်)
- ကျောက်ကပ်ပျက်စီးခြင်း(ကျောက်ကပ်ဆေး (ဒိုင်ယာလီစစ်)နေရသည့် လူနာအများစုမှာ ဆီးချိုရောဂါကြောင့်ဖြစ်သည်)
- နှလုံးရောဂါ
- လေဖြတ်ခြင်း
ဆီးချိုရှိရင်ကိုယ်အလေးချိန်ကိုဘာကြောင့်ဂရုစိုက်ရတာလဲ
ကိုယ်အလေးချိန်များခြင်းသည်ဆီးချိုရောဂါဖြစ် နိုင်ခြေကိုမြင့်စေပြီး ဆီးချိုထိန်းညှိရာတွင်လည်း ပိုမိုခက်ခဲစေပါသည်။ ကိုယ်အလေးချိန်၏ ၅-၁၀% ခန့်လျှော့ချနိုင်လျှင်ပင်ဆီးချိုဖြစ်နိုင်ခြေကိုလျော့ နည်းစေနိုင်ပါသည်။
- အဆီများခြင်းသည် အင်ဆူလင်ဟော်မုန်း၏ ကြွက်သားထဲသို့ ဂလူးကို့စ်ဝင်ရောက်မှုကို ထိရောက်စွာကူညီနိုင်စွမ်းကို ဟန့်တားပြီး ရလဒ်အနေဖြင့် ဂလူးကို့စ်များသည် သွေးတွင်းတွင် ပမာဏမြင့်မားစွာ အသုံးမပြုဘဲ ကျန်ရစ်နေခြင်းကို ဖြစ်စေပါသည်။
- ထိုအခါမုန့်ချိုအိတ်သည်အင်ဆူလင်ပိုမိုထုတ် လုပ်နိုင်ရန်အလုပ်ပိုလုပ်ရပြီးဆီးချိုမထိန်းနိုင် သည့်နှစ်ပေါင်း၂၀-၃၀ကြာပါကအင်္ဂါပျက်စီးမှုကို ဖြစ်ပေါ်စေပါသည်။
ဆီးချိုသမားများအတွက်အကောင်းဆုံးသောအစားအစာဆိုတာဘာလဲ
ဆီးချိုရောဂါရှိသူများအတွက်သွေးတွင်းသကြား ဓာတ်အပေါ် အဓိကသက်ရောက်မှုရှိသောအချက်မှာ အစားအစာပဲဖြစ်ပါတယ်။ဒါကြောင့်လူနာများအနေနဲ့အစားအစာအမျိုးအစား(အထူးသဖြင့်ကာဗိုဟိုက်ဒရိတ်)၊ စားသုံးတဲ့ပမာဏနဲ့ နေ့စဉ်အချိန်ဇယားကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ Glycemic Index (GI)နိမ့်တဲ့အစားအစာတွေကိုရွေးချယ်စားသုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအစားအစာတွေက စားပြီးတဲ့အခါသွေးတွင်းသကြားဓာတ်ကိုရုတ်တ ရက်မြင့်တက်မှုမဖြစ်စေလို့ပါ။GIဆိုတာကကာဗို ဟိုက်ဒရိတ်တွေကို (၀) ကနေ (၁၀၀) အထိအဆင့် သတ်မှတ်တဲ့စနစ်ဖြစ်ပြီးအစားအစာတွေစားပြီး နောက်သွေးတွင်းသကြားဓာတ်ဘယ်လောက်မြင့်တက်လဲဆိုတာကို အခြေခံပြီး သတ်မှတ်တာပါ။ GI မြင့်တဲ့ အစားအစာတွေက အစာခြေစနစ်ထဲမှာ လျင်မြန်စွာ ချေဖျက်ပြီး စုပ်ယူခံရတာကြောင့် စားပြီးတာနဲ့ သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်မှုကိုဖြစ်စေပါတယ်။ GIနိမ့်တဲ့ကာဗိုဟိုက် ဒရိတ်တွေကတော့သွေးတွင်းသကြားဓာတ်အတက်အကျကိုနည်းစေတာကြောင့်ဆီးချိုရောဂါရှိသူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပဲဖြစ်ပါတယ်။

စားသောက်မှု ပုံစံ စီမံခြင်း၏ ရည်ရွယ်ချက်
ဆီးချိုရောဂါအတွက် စားသောက်မှုစီမံချက်များ၏ ရည်ရွယ်ချက်မှာ သွေးတွင်းသကြားဓာတ်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ အမျိုးအစား၁(အင်ဆူလင်အမှီအခိုပြုဆီးချိုရောဂါ)အမျိုးအစား၂(အင်ဆူလင်အမှီအခိုမပြုဆီးချို ရောဂါ)နှင့် ကိုယ်ဝန်ဆောင်ကာလဆီးချိုရောဂါတို့ အတွက် အစားအသောက်ပုစံအားလိုအပ်သလို စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။
ပြီးပြည့်စုံသောဆီးချိုစားသောက်မှုပုံစံတစ်ခုတည်းမရှိပါ။ပုံစံတစ်ခုစီကိုစမ်းသပ်အသုံးပြုပြီးလိုအပ်သလို အကဲဖြတ်ညှိယူရန် လိုအပ်ပါသည်။ ကောင်းမွန်သော ဆီးချိုစားသောက်မှုပုံစံဆိုသည်မှာ လူနာများသွေးတွင်းသကြားဓာတ်ကိုပုံမှန်အတိုင်း ထိန်းနိုင်ရုံသာမကသူတို့ကြိုက်နှစ်သက်သောအစားအစာများကိုလည်း ပျော်ရွှင်စွာ စားသုံးနိုင်စေရန် ကူညီပေးနိုင်သော စီမံချက်ဖြစ်ပါသည်။
ကိုယ်တိုင်ဆီးချို တိုင်းတာစောင့်ကြည့်ခြင်း
ကုသမှုခံယူနေရသော်လည်း လူနာစုစုပေါင်း၏ ၃၀% ကျော်သည် ဆေးသောက်နေရသည့်တိုင် သွေးချိုထိန်းချုပ်မှု ကောင်းစွာမရရှိကြောင်း ခန့်မှန်းချက်များအရ သိရပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များက နေထိုင်မှုပုံစံပြောင်းလဲခြင်း (တစ်နေ့လျှင် ၃၀ မိနစ်မှ ၆၀ မိနစ်အထိ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် မိမိကိုယ်တိုင်သွေးချိုစစ်ဆေးခြင်းတို့အပါအဝင်) ကိုလည်း အကြံပြုလေ့ရှိပါသည်။
သင့်ဆရာဝန်၊ အစာအာဟာရကျွမ်းကျင်သူနှင့် လေ့ကျင့်ခန်းနည်းပြများနှင့် အကြံဉာဏ်ရယူပါ။ အိမ်တွင် သွေးချိုမှန်မှန်စစ်ပြီး ကျန်းမာရေးကို သတိထားစောင့်က်ြည့်ပါ။ ကိုယ်အလေးချိန်နှင့် သွေးချိုကို ကိုယ်တိုင်စစ်ဆေးမှုများ ပြုလုပ်ပါ။
ရှင်းလင်းချက်။ TELEME ဘလော့ဂ်ပို့စ်များတွင် ကျန်းမာရေးအခြေအနေများနှင့် ကုသမှုများအကြောင်း အထွေထွေအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက် အစားထိုးရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အဆိုပါအချက်အလက်များသည် အကြံဉာဏ်မဟုတ်သည့်အပြင် ထိုကဲ့သို့ မှတ်ယူခြင်းလည်း မပြုသင့်ပါ။ သင်သည် မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးကိုမဆို ခံစားနေရသည်ဟု ထင်ပါက သင့်ဆရာဝန် သို့မဟုတ် အခြားကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါသည်။ ဤဝက်ဘ်ဆိုက်ရှိ အချက်အလက်များကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် နောက်မဆုတ်သင့်ပါ၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို လျစ်လျူမရှုသင့်ပါ သို့မဟုတ် ဆေးကုသမှုကို ရပ်ဆိုင်းခြင်း မပြုသင့်ပါ။