အရေပြားမှိုယားနာ စွဲခြင်း

()

Fungal Infection of the Skin

အရေပြားမှိုစွဲခြင်း (တီနီးယား ဟုလည်းခေါ်သည်) သည် အလွန်အဖြစ်များပြီး လူဦးရေ၏ ၂၀-၂၅% အထိ မည်သည့်အချိန်တွင်မဆို ခံစားရနိုင်ပါသည်။ ၎င်းသည်အရေပြား၊ခြေထောက်(အားကစားသမားများ၏ ခြေထောက်ဟုလည်းသိကြသည်) နှင့် လက်သည်း/ခြေသည်းများကိုထိခိုက်စေနိုင်ပါသည်။ အရေပြားမှိုစွဲခြင်း ပိုမိုဖြစ်ပွားနိုင်ခြေရှိသူများတွင် အောက်ပါသူများ ပါဝင်ပါသည်။

  • ကိုယ်ခံအားစနစ် အားနည်းနေသူများ (ဥပမာ – ကင်ဆာရောဂါအတွက်ကီမိုဆေးသွင်းကုသမှုခံယူနေရသူများ သို့မဟုတ် HIV ရောဂါသည်များ)
  • ပိုးသတ်ဆေးနှင့် စတီးရွိုက်ဆေးဝါးများ ရေရှည်သောက်သုံးရသူများ
  • မကျန်းမာသော နေထိုင်မှုပုံစံရှိသူများ သို့မဟုတ် အရေပြားအချိုးကျနေသည့် အဝလွန်သူများ
  • ဆီးချိုရောဂါကို ကောင်းစွာမထိန်းချုပ်နိုင်သူများ
  • အရေပြားအစိုဓာတ်များနေသူများ (အားကစားလေ့ကျင့်ခန်း အလွန်အကျွံလုပ်သူများ)
  • ဆီးမထိန်းနိုင်သူများ (ဥပမာ – ကလေးငယ်များ သို့မဟုတ် လေဖြတ်ပြီးသူများကဲ့သို့ အတွင်းခံသုံးရသူများ)
မှိုစွဲခြင်းဆိုင်ရာ  ဗီဒီယိုကို ကြည့်ရှုရန် နှိပ်ပါ။

ရောဂါလက္ခဏာများနှင့် စမ်းသပ်တွေ့ရှိမှုများ

မှိုစွဲခြင်းသည်ခန္ဓာကိုယ်၏မည်သည့်အစိတ်အပိုင်းကိုမဆို ထိခိုက်စေနိုင်သော်လည်း၊ အများအားဖြင့် စိုစွတ်ပြီးချွေးထွက်များသောအရေပြားနေရာများတွင် တွေ့ရလေ့ရှိပါသည်။ ဥပမာ-ရင်သားအောက်ရှိ အရေပြားခေါက်များ၊လည်ပင်းနှင့်ပေါင်ခြံကဲ့သို့သောနေရာများဖြစ်ပါသည်။ထို့အပြင်ခြေထောက်တွင်လည်း(တီနီးယားပီဒစ်ဟုခေါ်ပြီးအဝတ်လဲခန်းများ၊ရေနွေးငွေ့ချိုးခန်းများကဲ့သို့စိုစွတ်သောနေရာများတွင် အချိန်ကြာမြင့်စွာ နေထိုင်ရသူများတွင် အဖြစ်များသည်)၊လက်သည်း/ခြေသည်းအောက်

တွင်လည်း(အိုနီကိုမိုက်ကိုးစစ်ဟုခေါ်)၊ဆံပင်တွင်လည်း (တီနီးယား ကပ်ပီတစ် ဟုခေါ်) တွေ့ရတတ်ပါသည်။

ယားနာဖြစ်သော အရေပြားသည် 

  • အနီရောင်ဖြစ်ပြီး အနားများတွင် အဖြူရောင်အကြေးခွံများပါရှိသည်
  • သေးငယ်သောအဖုအပိန့်များ သို့မဟုတ် အရည်ကြည်ဖုများ ပါရှိခြင်း
  • ယားယံခြင်း

ကုသခြင်း

ကာကွယ်ခြင်း

မှိုအရေပြားပိုးဝင်ခြင်းသည်အောင်မြင်စွာကုသပြီးနောက်၌ပင်နေထိုင်မှုပုံစံသို့မဟုတ်ရောဂါဖြစ်နိုင်ချေရှိသောအကြောင်းရင်းများကြောင့်ပြန်ဖြစ်တတ်ပါသည်။‌အောက်ပါအကြံပြုချက်များကိုလိုက်နာခြင်းဖြင့်ပိုးဝင်ခြင်းကိုပြန်ဖြစ်ခြင်းသို့မဟုတ်အစက တည်းက မဖြစ်ပွားအောင် ကာကွယ်နိုင်ပါသည်။

  • မအိပ်ခင် ခြေထောက်ကို ဆေးကြောပြီး ပုံမှန် ရေချိုးပါ။
  • ဖြစ်နိုင်လျှင် စိုစွတ်နေသော အဝတ်အစား သို့မဟုတ် ခြေအိတ်များကို လဲလှယ်ပါ။
  • လေဝင်လေထွက်ကောင်းသော ချည်သားဖြင့်ပြုလုပ်ထားသော အိပ်ယာခင်းနှင့် မျက်နှာသုတ်ပဝါများကို အသုံးပြုပြီး ၎င်းတို့ကို ပုံမှန် လဲလှယ်ပါ။
  • တစ်နေ့တာလုံး သင့်အရေပြားကို ခြောက်သွေ့စေရန်နှင့် စိုထိုင်းမှုကို လျှော့ချရန်အတွက် ပေါင်ဒါမှုန့်ကို လိမ်းပါ။
  • နိုင်လွန် သို့မဟုတ် ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော ဖိနပ် သို့မဟုတ် အဝတ်အစားများကို ရှောင်ကြဉ်ပါ၊ အကြောင်းမှာ ၎င်းတို့သည် သင့်ခြေထောက် သို့မဟုတ် ခန္ဓာကိုယ်ကို ချွေးထွက်စေသောကြောင့်ဖြစ်သည်။
  • အများသူငှာနေရာများရှိစိုစွတ်သောနေရာများ တွင် ခြေဗလာဖြင့် လျှောက်ခြင်းကိုရှောင်ကြဉ်ပါ၊ ၎င်းနေရာများသည် ညစ်ပတ်နိုင်ပါသည်။
အရေပြားမှိုပိုးဝင်ခြင်းဆိုင်ရာ အာချယ်၏ ဗီဒီယိုကို ကြည့်ရှုရန် နှိပ်ပါ- ဆောင်ရန်၊ ရှောင်ရန်များ

ဆေးကုသခြင်း

အရပြားမှိုယားနာစွဲခြင်းကိုကုသရန်အောက်ပါဆေးများသုံးနိုင်သည်။

  • မှိုသတ်‌ ဆေးယားနာလိမ်းဆေးများ(ပိုးဝင်သည့် ယားနာအသေးများအတွက်)
  • ပါးစပ်ဖြင့်သောက်ရသော မှိုသတ်ဆေးများ (ပိုးဝင်ခြင်းသည် ပိုမိုပျံ့နှံ့နေသည့်အခါ)

အသုံးအများဆုံး မှိုသတ်ဆေးများကိုအောက်တွင်ဖေါ်ပြထားသည်။

  • Clotrimazole
  • Econazole
  • Miconazole
  • Fluconazole
  • Itraconazole
  • Ketoconazole
  • Butenafine
  • Terbinafine

သင်သည် ဆေးကုသမှုကို ရက်ပြည့်သည်ထိ‌ သေချာ လိုက်နာရန်လိုအပ်ပြီး စောလျင်စွာ မရပ်တန့်ပါနှင့်၊သို့မဟုတ်ပါကပြန်ဖြစ်နိုင်ခြေရှိပါသည်။ကုသမှုခံယူနေစဉ်အတွင်းကောင်းမွန်သောတစ်ကိုယ်ရေသန့်ရှင်းမှုကိုကျင့်သုံးပြီးပိုးဝင်နေသောနေရာကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ အခြားသူများထံ ပိုးမကူးစက်စေရန် ရေကူးခြင်း သို့မဟုတ် မျက်နှာသုတ်ပဝါများကို မျှဝေသုံးစွဲခြင်း မပြုပါနှင့်။

အရေပြားမှိုပိုးဝင်ခြင်း ကုသခြင်းဆိုင်ရာ အရေပြားမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုရန် နှိပ်ပါ။

အရေပြားမှို ယားနာစွဲခြင်းသည် ကုသမှုခံယူပြီးသော်လည်း ဆက်လက်ဖြစ်ပွားနေပါက အရေပြားအထူးကုဆရာဝန်နှင့် ပြသပါ။

ရှင်းလင်းချက်။ TELEME ဘလော့ဂ်ပို့စ်များတွင် ကျန်းမာရေးအခြေအနေများနှင့် ကုသမှုများအကြောင်း အထွေထွေအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက် အစားထိုးရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အဆိုပါအချက်အလက်များသည် အကြံဉာဏ်မဟုတ်သည့်အပြင် ထိုကဲ့သို့ မှတ်ယူခြင်းလည်း မပြုသင့်ပါ။ သင်သည် မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးကိုမဆို ခံစားနေရသည်ဟု ထင်ပါက သင့်ဆရာဝန် သို့မဟုတ် အခြားကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါသည်။ ဤဝက်ဘ်ဆိုက်ရှိ အချက်အလက်များကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် နောက်မဆုတ်သင့်ပါ၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို လျစ်လျူမရှုသင့်ပါ သို့မဟုတ် ဆေးကုသမှုကို ရပ်ဆိုင်းခြင်း မပြုသင့်ပါ။

How useful was this post?

Click on a star to rate it!

Average rating / 5. Vote count:

No votes so far! Be the first to rate this post.

As you found this post useful...

Share it on social media!

We are sorry that this post was not useful for you!

Let us improve this post!

Tell us how we can improve this post?