
သွေးလွန်တုပ်ကွေးရောဂါ ဆိုတာဘာလဲ
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ပိုးဝင်ခြင်းဖြစ်ပြီး
ကိုယ်ထည်အနက်ရောင်ပေါ်တွင် အဖြူရောင်အစင်းကြောင်းများပါရှိသော ခြင်ကျား(Aedes Aegypti) မှ
ဖြစ်ပွားပါသည်။
သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ
ရောဂါပိုးဝင်ပြီးနောက် ရောဂါလက္ခဏာများ
စတင်ပေါ်ပေါက်လာသည့်အချိန်အထိကြာမြင့်နိုင်သောကာလ(ခြင်ကိုက်ခံရပြီးနောက်ရောဂါလက္ခဏာများ
စတင်ပေါ်ပေါက်လာသည့်အချိန်အထိ) သည် ၃
ရက်မှ၁၄ရက်အတွင်း(ပျမ်းမျှ၄ရက်မှ၇ရက်)ဖြစ်နိုင်သည်။သွေးလွန်တုပ်ကွေးခံစားနေရသူအများစုတွင်
ရက်ပေါင်း၄ရက်မှ၇ရက်အတွင်းသက်သာပျောက်ကင်းနိုင်သောပြင်းထန်သောအဖျားနှင့်ခါးနာခြင်းကဲ့သို့
သော လက္ခဏာများရှိသည်။ သို့သော် ၅% ခန့်တွင်အသက်အန္တရာယ်ရှိနိုင်ပြီးဆေးရုံတက်ရောက်ကုသရန်
လိုအပ်သော ပိုမိုပြင်းထန်သော လက္ခဏာများခံစားရနိုင်သည်။ယင်းရောဂါပိုးဝင်ခြင်းသည် သွေးဥမွှားများ
လျော့နည်းသွားစေနိုင်ပြီး ခန္ဓာကိုယ်မှ သွေးထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည် (ထို့ကြောင့်
သွေးလွန်တုပ်ကွေးဟု ခေါ်ဆိုခြင်းဖြစ်သည်)။
မပြင်းထန်သော ရောဂါလက္ခဏာများ
- ခေင်းကိုက်ခြင်း
- ကြွက်သားနှင့် အဆစ်များကိုက်ခဲခြင်း
- အရေပြားအဖုအပိန့်များ (လက်ဖြင့်ဖိလိုက်လျှင် အရောင်ဖျော့သွားသည်)
စိုးရိမ်ရသော ရောဂါလက္ခဏာများ
- ဝမ်းလျှောခြင်း သို့မဟုတ် အန်ခြင်း (တစ်နေ့လျှင် ၃ ကြိမ်ထက်ပို၍)
- ဗိုက်နာခြင်း
- အသက်ရှူရခက်ခဲခြင်းနှင့်အတူ အရည်များစုပုံလာခြင်း
- နှာခေါင်း သို့မဟုတ် သွားဖုံးမှ သွေးယိုခြင်း
- အူအတွင်း သွေးယိုခြင်း
- အိပ်ငိုက်ခြင်း (ဦးနှောက်ရောင်ရမ်းခြင်းကြောင့်)
- အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်ခြင်း (သွေးထွက်ခြင်း သို့မဟုတ် သွေးပေါင်ချိန်ကျခြင်းကြောင့်)
- အသည်းလုပ်ဆောင်မှုပုံမှန်မဟုတ် သောကြောင့် ယောင်ရမ်း၍နာကျင်ခြင်း
- ဆီးသွားနဲသွားခြင်း
- အရေပြားပေါ်တွင် သွေးစက်ငယ်များထွက်ခြင်း (ပီတီချီယေး)

သွေးလွန်တုပ်ကွေးရောဂါ ကုသခြင်း
သွေးလွန်တုပ်ကွေးအတွက် သီးခြား ဗိုင်းရပ်စ်သတ်ဆေး မရှိပါ။ ကုသမှုသည် ရောဂါလက္ခဏာများကို
သက်သာစေရန် ရည်ရွယ်သည်။
- ခန္ဓာကိုယ်၌လုံလောက်သော အရည်ဓာတ်ကို ထိန်းသိမ်းခြင်း (အကောင်းဆုံးမှာ သစ်သီးဖျော်ရည်၊ ဘာလီ သို့မဟုတ် 100-plus ကဲ့သို့သော အိုင်ဆိုတonic အချိုရည်များ)
- လူနာသည် ဆီးသွားနိုင်ကြောင်း သတိထားစစ်ဆေးခြင်း (ပုံမှန်အားဖြင့် တစ်နေ့လျှင် ၄-၆ ကြိမ် ဖြစ်သင့်သည်)
- ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာစေရန် လုံလောက်စွာ အိပ်စက်အနားယူခြင်း
- ရေပတ်တိုက် ပေးခြင်းသည် လူနာကို ပိုမိုသက်သာစေရန် ကူညီပေးသည်။
- အဖျားနှင့် ကြွက်သားကိုက်ခဲခြင်းအတွက် ပါရာစီတမောသောက်ပါ (အက်စပရင် သို့မဟုတ် နူရိုဖင်ကဲ့သို့သောအကိုက်အခဲပျောက်ဆေးများကိုရှောင်ကြဉ်ပါ၊အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သွေးထွက်နိုင်ခြေကို ပိုမိုဆိုးရွားစေနိုင်သည်။)
- ခန္ဓာကိုယ်ပေါ်တွင် အနှိပ်ခံခြင်း သို့မဟုတ် လေစုပ်ခွက်ဖြင့် ကုသခြင်းကို ရှောင်ကြဉ်ပါ။
လူနာတွင် သွေးထွက်သည့် လက္ခဏာများ၊ သွေးဥမွှားနည်းပါးခြင်း၊ရေဓာတ်ခန်းခြောက်သကဲ့သို့ ခံစားရခြင်း
သို့မဟုတ်အားနည်းခြင်းများရှိပါက၊
အခြေအနေကိုစောင့်ကြည့်ရန်နှင့်နေ့စဉ်သွေးစစ်ဆေးမှုများပြုလုပ်ရန်ဆေးရုံသို့တက်ရောက်သင့်
သည်။အဘယ်ကြောင့်ဆိုသော်ရောဂါအခြေအနေသည်တစ်ရက်မှတစ်ရက်ပြောင်းလဲနိုင်သောကြောင့်ဖြစ်သ
ည်။လူနာသည်အောက်ပါကုသမှုများကိုလို အပ်နိုင်သည်။
- ဓာတ်ဆားရည်ပုလင်းကြီးချိတ်ခြင်း
- ခန္ဓာကိုယ်တွင် သွေးအားနည်းခြင်း သို့မဟုတ် သွေးဥမွှား အလွန်နည်းပါးခြင်းရှိပါက သွေးဥမွှား သို့မဟုတ် သွေးသွင်းရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
- အိမ်ပတ်ဝန်းကျင်ရှိ ခြင်ဥချနိုင်သောနေရာများကို ရှာဖွေပြီး ရှင်းလင်းသန့်စင်ပါ။
- ရောဂါပိုး မိသားစုဝင်များထံ မကူးစက်စေရန် လူနာအား ခြင်ထောင်အောက်တွင် အနားယူစေပါ။
- သင်၏အိမ်ရာပတ်ဝန်းကျင်တွင်ဆေးဖျန်းနိုင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များသို့ အကြောင်းကြားပါ။
သွေးစစ်ခြင်း
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ထုတ်ရန် ခန္ဓာကိုယ်မှ ထုတ်လုပ်သော ပဋိပစ္စည်းများကို
ရှာဖွေသည့်သွေးစစ်ဆေးမှုသည်သွေးလွန်တုပ်ကွေးရောဂါကိုအတည်ပြုရန်အယုံကြည်ရဆုံးနည်းလမ်းဖြစ်
သည်။သင့်ဆရာဝန်သည်သွေးလွန်တုပ်ကွေး ရောဂါရှာဖွေရန်နှင့်သင့်သွေးနှင့်သွေးဥမွှားပမာဏအပြင်
ကျောက်ကပ်နှင့် အသည်းလုပ်ဆောင်မှု စစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်သည်။ ရောဂါတိုးတက်မှုကို
စောင့်ကြည့်ရန်အတွက် ဤစစ်ဆေးမှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ သင့်တွင်
သွေးလွန်တုပ်ကွေးရောဂါရှိသည်ဟု သံသယရှိပါက သင့်ဆရာဝန်နှင့် အမြန်ဆုံး ပြသပါ။





