သွေးလွန်တုပ်ကွေးရောဂါ ဆိုတာဘာလဲ

()

သွေးလွန်တုပ်ကွေးရောဂါ ဆိုတာဘာလဲ

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ပိုးဝင်ခြင်းဖြစ်ပြီး
ကိုယ်ထည်အနက်ရောင်ပေါ်တွင် အဖြူရောင်အစင်းကြောင်းများပါရှိသော ခြင်ကျား(Aedes Aegypti) မှ
ဖြစ်ပွားပါသည်။

သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ

ရောဂါပိုးဝင်ပြီးနောက် ရောဂါလက္ခဏာများ
စတင်ပေါ်ပေါက်လာသည့်အချိန်အထိကြာမြင့်နိုင်သောကာလ(ခြင်ကိုက်ခံရပြီးနောက်ရောဂါလက္ခဏာများ
စတင်ပေါ်ပေါက်လာသည့်အချိန်အထိ) သည် ၃
ရက်မှ၁၄ရက်အတွင်း(ပျမ်းမျှ၄ရက်မှ၇ရက်)ဖြစ်နိုင်သည်။သွေးလွန်တုပ်ကွေးခံစားနေရသူအများစုတွင်
ရက်ပေါင်း၄ရက်မှ၇ရက်အတွင်းသက်သာပျောက်ကင်းနိုင်သောပြင်းထန်သောအဖျားနှင့်ခါးနာခြင်းကဲ့သို့
သော လက္ခဏာများရှိသည်။ သို့သော် ၅% ခန့်တွင်အသက်အန္တရာယ်ရှိနိုင်ပြီးဆေးရုံတက်ရောက်ကုသရန်
လိုအပ်သော ပိုမိုပြင်းထန်သော လက္ခဏာများခံစားရနိုင်သည်။ယင်းရောဂါပိုးဝင်ခြင်းသည် သွေးဥမွှားများ
လျော့နည်းသွားစေနိုင်ပြီး ခန္ဓာကိုယ်မှ သွေးထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည် (ထို့ကြောင့်
သွေးလွန်တုပ်ကွေးဟု ခေါ်ဆိုခြင်းဖြစ်သည်)။

မပြင်းထန်သော ရောဂါလက္ခဏာများ

  • ခေင်းကိုက်ခြင်း
  • ကြွက်သားနှင့် အဆစ်များကိုက်ခဲခြင်း
  • အရေပြားအဖုအပိန့်များ (လက်ဖြင့်ဖိလိုက်လျှင် အရောင်ဖျော့သွားသည်)

စိုးရိမ်ရသော ရောဂါလက္ခဏာများ

  • ဝမ်းလျှောခြင်း သို့မဟုတ် အန်ခြင်း (တစ်နေ့လျှင် ၃ ကြိမ်ထက်ပို၍)
  • ဗိုက်နာခြင်း
  • အသက်ရှူရခက်ခဲခြင်းနှင့်အတူ အရည်များစုပုံလာခြင်း
  • နှာခေါင်း သို့မဟုတ် သွားဖုံးမှ သွေးယိုခြင်း
  • အူအတွင်း သွေးယိုခြင်း
  • အိပ်ငိုက်ခြင်း (ဦးနှောက်ရောင်ရမ်းခြင်းကြောင့်)
  • အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်ခြင်း (သွေးထွက်ခြင်း သို့မဟုတ် သွေးပေါင်ချိန်ကျခြင်းကြောင့်)
  • အသည်းလုပ်ဆောင်မှုပုံမှန်မဟုတ်‌‌ သောကြောင့် ယောင်ရမ်း၍နာကျင်ခြင်း
  • ‌ဆီးသွားနဲသွားခြင်း
  • အရေပြားပေါ်တွင် သွေးစက်ငယ်များထွက်ခြင်း (ပီတီချီယေး)

သွေးလွန်တုပ်ကွေးရောဂါ ကုသခြင်း

သွေးလွန်တုပ်ကွေးအတွက် သီးခြား ဗိုင်းရပ်စ်သတ်ဆေး မရှိပါ။ ကုသမှုသည် ရောဂါလက္ခဏာများကို
သက်သာစေရန် ရည်ရွယ်သည်။

  • ခန္ဓာကိုယ်၌လုံလောက်သော အရည်ဓာတ်ကို ထိန်းသိမ်းခြင်း (အကောင်းဆုံးမှာ သစ်သီးဖျော်ရည်၊ ဘာလီ သို့မဟုတ် 100-plus ကဲ့သို့သော အိုင်ဆိုတonic အချိုရည်များ)
  • လူနာသည် ဆီးသွားနိုင်ကြောင်း သတိထားစစ်ဆေးခြင်း (ပုံမှန်အားဖြင့် တစ်နေ့လျှင် ၄-၆ ကြိမ် ဖြစ်သင့်သည်)
  • ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာစေရန် လုံလောက်စွာ အိပ်စက်အနားယူခြင်း
  • ရေပတ်တိုက်‌ ပေးခြင်းသည် လူနာကို ပိုမိုသက်သာစေရန် ကူညီပေးသည်။
  • အဖျားနှင့် ကြွက်သားကိုက်ခဲခြင်းအတွက် ပါရာစီတမောသောက်ပါ (အက်စပရင် သို့မဟုတ် နူရိုဖင်ကဲ့သို့သောအကိုက်အခဲပျောက်ဆေးများကိုရှောင်ကြဉ်ပါ၊အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သွေးထွက်နိုင်ခြေကို ပိုမိုဆိုးရွားစေနိုင်သည်။)
  • ခန္ဓာကိုယ်ပေါ်တွင် အနှိပ်ခံခြင်း သို့မဟုတ် လေစုပ်ခွက်ဖြင့် ကုသခြင်းကို ရှောင်ကြဉ်ပါ။

လူနာတွင် သွေးထွက်သည့် လက္ခဏာများ၊ သွေးဥမွှားနည်းပါးခြင်း၊ရေဓာတ်ခန်းခြောက်သကဲ့သို့ ခံစားရခြင်း
သို့မဟုတ်အားနည်းခြင်းများရှိပါက၊
အခြေအနေကိုစောင့်ကြည့်ရန်နှင့်နေ့စဉ်သွေးစစ်ဆေးမှုများပြုလုပ်ရန်ဆေးရုံသို့တက်ရောက်သင့်
သည်။အဘယ်ကြောင့်ဆိုသော်ရောဂါအခြေအနေသည်တစ်ရက်မှတစ်ရက်ပြောင်းလဲနိုင်သောကြောင့်ဖြစ်သ
ည်။လူနာသည်အောက်ပါကုသမှုများကိုလို အပ်နိုင်သည်။

  • ဓာတ်ဆားရည်ပုလင်းကြီးချိတ်ခြင်း
  • ခန္ဓာကိုယ်တွင် သွေးအားနည်းခြင်း သို့မဟုတ် သွေးဥမွှား အလွန်နည်းပါးခြင်းရှိပါက သွေးဥမွှား သို့မဟုတ် သွေးသွင်းရန် လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

  • အိမ်ပတ်ဝန်းကျင်ရှိ ခြင်ဥချနိုင်သောနေရာများကို ရှာဖွေပြီး ရှင်းလင်းသန့်စင်ပါ။
  • ရောဂါပိုး မိသားစုဝင်များထံ မကူးစက်စေရန် လူနာအား ခြင်ထောင်အောက်တွင် အနားယူစေပါ။
  • သင်၏အိမ်ရာပတ်ဝန်းကျင်တွင်ဆေးဖျန်းနိုင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များသို့ အကြောင်းကြားပါ။

သွေးစစ်ခြင်း

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ထုတ်ရန် ခန္ဓာကိုယ်မှ ထုတ်လုပ်သော ပဋိပစ္စည်းများကို
ရှာဖွေသည့်သွေးစစ်ဆေးမှုသည်သွေးလွန်တုပ်ကွေးရောဂါကိုအတည်ပြုရန်အယုံကြည်ရဆုံးနည်းလမ်းဖြစ်
သည်။သင့်ဆရာဝန်သည်သွေးလွန်တုပ်ကွေး ရောဂါရှာဖွေရန်နှင့်သင့်သွေးနှင့်သွေးဥမွှားပမာဏအပြင်
ကျောက်ကပ်နှင့် အသည်းလုပ်ဆောင်မှု စစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်သည်။ ရောဂါတိုးတက်မှုကို
စောင့်ကြည့်ရန်အတွက် ဤစစ်ဆေးမှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ သင့်တွင်
သွေးလွန်တုပ်ကွေးရောဂါရှိသည်ဟု သံသယရှိပါက သင့်ဆရာဝန်နှင့် အမြန်ဆုံး ပြသပါ။

How useful was this post?

Click on a star to rate it!

Average rating / 5. Vote count:

No votes so far! Be the first to rate this post.

As you found this post useful...

Share it on social media!

We are sorry that this post was not useful for you!

Let us improve this post!

Tell us how we can improve this post?