ရင်ပတ်အောင့်ခြင်းနှင့်နှလုံးသွေးကြောကျဉ်းရောဂါ

()

ရင်ပတ်အောင့်ခြင်းနှင့်နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးကြွက်သားများကိုသွေးပို့ပေးသောနှလုံးသွေးကြောများ(coronary)တွင်အဆီများစုပုံလာခြင်းကြောင့်အင်ဂျိုင်းနား(Angina)ခေါ်နှလုံးရင်ပတ် အောင့်ရောဂါဖြစ်ပွားရ ခြင်းဖြစ်သည်။ အဆီများ စုပုံလာခြင်းသည် သွေးကြောများကို ကျဉ်းစေပြီး နှလုံးသို့ အာဟာရနှင့် အောက်ဆီဂျင် လုံလောက်စွာ မရရှိစေတော့ပေ။သွေးကြောများလုံးဝပိတ်ဆို့ခြင်းကြောင့် သွေးထောက်ပံ့မှု လုံးဝရပ်တန့်သွားပါက နှလုံးရပ်၍‌ သေဆုံးရနိုင်ပြီး အတန်အသင့်မှ ပြင်းထန်စွာကျဉ်းမြောင်းခြင်းသည် အင်ဂျိုင်းနား ခေါ် ရင်ပတ်အောင့် ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။

နှလုံးသွေးကြောကျဉ်းခြင်း၏ရောဂါလက္ခဏာ များ

  • ရင်ပတ်အောင့်ခြင်း သို့ တင်းကျပ်ကျပ် ခံစားရခြင်း
  • ရင်ပတ်၌ ဖိထားသလို ခံစားရခြင်း၊ ဆွဲဆုပ်ထားသလို ခံစားရခြင်း တနုံနုံ အောင့်နေခြင်း
  • ရင်ပတ်အောင့်ခြင်းသည်ဘယ်ဘက်လက်မောင်း၊လည်ပင်း၊မေးရိုး ‌နှင့် ဝမ်းဗိုက်အပေါ် ဘက် များတွင် လည်း တပြိုင်နက် ခံစားရနိုင်ခြင်း
  • ပျို့အန်ခြင်း
  • ချွေးစေးများပြန်ခြင်း
  • ခေါင်းမှုးခြင်း
  • မောခြင်း
  • အပင်ပန်းမခံနိုင်ခြင်း

နှလုံးသွေးကြောပိတ်နိုင်ခြေများစေ သော အကြောင်းရင်းများ

  • မျိုးရိုးလိုက်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အထိုင်များခြင်းနှင့် အဝလွန်ခြင်း
  • သွေးတိုးရောဂါရှိခြင်း
  • ကိုလက်စထရောများခြင်း
  • ဆီးချိုမထိန်းနိုင်ခြင်း

နှလုံးသွေးကြောကျဉ်းရောဂါ အမျိုးအစားများ

  • ဆေးဖြင့်ထိန်းနိုင်သောနှလုံးသွေးကြောကျဉ်း ရောဂါ(Stable Angina) ကိုကိုယ်ကာယလေ့ကျင့် ခန်းပြုလုပ်ခြင်း၊အစားအသောက်များများ စားပြီးချိန်၊ စိတ်ဖိစီးမှု သို့မဟုတ် အေးသောရာသီဥတို့တွင် ခံစားရတတ်‌‌ သော်လည်းအနားယူခြင်း သို့မဟုတ် ဆေးသောက်ခြင်းဖြင့် လက္ခဏာများ သက်သာသွားတတ်ပါသည်
  • စိုးရိမ်ရသောနှလုံးသွေးကြောကျဉ်းရောဂါ (Unstable Angina)သည်ကြိုတင်ခန့်မှန်းရခက် ပြီး အနားယူခြင်းဖြင့် သက်သာမလာဘဲ နှလုံး‌ သွေးကြောပိတ်သည်အထိ ဆိုးရွားနိုင်သည်။

ရောဂါရှာဖွေခြင်း

နှလုံးသွေးကြောကျဉ်းရောဂါ ရှိပါက နှလုံး‌‌ ရုတ်တရက်ရပ်နိုင်ခြင်း ဖြစ်နိုင်ချေ ပိုများသောကြောင့် နှလုံးအထူးကုဆရာဝန်နှင့် ပြသပြီး စမ်းသပ်စစ်ဆေးမှု ခံယူဖို့ အရေးကြီးပါသည်။ ဆရာဝန်မှ သင့်အတွက် ကုသမှုအစီအစဉ် ချမှတ်ပေးနိုင်မည် ဖြစ်ပါသည်။ အောက်ပါတို့ကို စမ်းသပ်စစ်ဆေးရနိုင်သည်။

  • ကိုလက်စထရော၊ဂလူးကို့စ်နှင့်နှလုံးကြွက်သား ပျက်စီးခြင်း၏ အမှတ်အသားများ (ဥပမာ Troponin နှင့် Creatine Kinase) ကို ရှာဖွေရန် သွေးစစ်ဆေးမှုများ
  • သွေးပေါင်ချိန်ခြင်း
  • အနားယူနေစဉ် နှလုံး စက်တပ်စစ်ဆေးခြင်း
  • လေ့ကျင့်ခန်းလုပ်၍ နှလုံးစက်တပ်စစ်ဆေးခြင်း
  • အာထရာဆောင် ဓာတ်မှန်ရိုက်ခြင်း
  • နှလုံး ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်း / နှလုံးသွေးကြော‌ ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း
  • နှလုံးသွေးကြော ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း

ကုသမှု

1.သွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းများကို သင့်နှလုံးသွေးကြောများတွင် ချဲ့ထွင်ရန်နှင့် သင့်နှလုံးသို့ သွေးစီးဆင်းမှုကို တိုးတက်စေရန်အတွက် အများအားဖြင့် စတန့်(stent-အလွန်သေးငယ်သောပိုက်) တစ်ခု သို့မဟုတ် အများအပြား ထည့်သွင်းခြင်းနှင့်အတူ တွဲဖက်လေ့ရှိသော နှလုံးသွေးကြောချဲ့ခြင်း (Angioplasty)သည်အကောင်းဆုံးကုသနည်းဖြစ် သည်။နောင်တွင်သင့်သွေးကြောများပြန်ပိတ်ဆို့ ခြင်းမဖြစ်စေရန်သင်သည်ကျန်းမာရေးနှင့်ညီညွတ်သောဘဝနေထိုင်မှုပုံစံအသစ်ကိုပြောင်းလဲကျင့်သုံးရန် အရေးကြီးပါသည်။ သင့်ဆရာဝန်သည် အစားအသောက်ပညာရှင်၊ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင် သို့မဟုတ် ဘဝနေထိုင်မှုနည်းပြဆရာဝန်တို့ ပါဝင်မည့် နှလုံးပြန်လည်သစ်လွင်ရေး အစီအစဉ်ကို အကြံပြုနိုင်ပါသည်။

2.သင့်နှလုံးရောဂါအတွက် ဆရာဝန်ညွှန်ကြားနိုင်သော ဆေးဝါးများ

  • နိုက်ထရိတ်ဆေးများ (Nitrates)သည် သင့်နှလုံးသွေးလွှတ်ကြောများကို ကျယ်စေပြီး နှလုံးကြွက်သားများထံသို့ အောက်ဆီဂျင်နှင့် အာဟာရများ ပိုမိုရောက်ရှိနိုင်စေပါသည်။
  • ကယ်လ်စီယမ်ချန်နယ်ဘလောက်ကာ (Calcium Channel Blockers)ဆေးများသည် သင့်နှလုံးသွေးလွှတ်ကြောများကိုပြေလျော့စေ ပြီးကျယ်ဝန်းစေကာနှလုံးကြွက်သားများသို့ အောက်ဆီဂျင်နှင့်အာဟာရများပိုမိုရောက်ရှိစေ ပါသည်။ ထို့အပြင် သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးပါသည်။
  • ဘီတာဘလောက်ကာ(Beta Blocker)ဆေးများသည်နှလုံးခုန်နှုန်းကိုနှေးစေခြင်းဖြင့်သင့်နှလုံး၏အောက်ဆီဂျ င်လိုအပ်ချက်ကိုလျှော့ချပေးပါ သည်။
  • သွေးကျဲဆေးများ(ဥပမာ-အက်စ်ပရင်(Aspirin)၊ ကလိုပီဒိုဂရယ် (Clopidogrel)၊ ပရာဆူဂရယ် (Prasugrel)၊ တီကာဂရီလာ (Ticagrelor) သည် သင့်သွေးလွှတ်ကြောများအတွင်းသွေးခဲများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါသည်။
  • ကိုလက်စထရောလျှော့ချရန်စတာတင်(Statin)ဆေးများ(သင့်တွင်ကိုလက်စထရောမြင့်မားနေ ပါက)
  • သွေးပေါင်ချိန်ကျဆေးများ (သင့်တွင် သွေးတိုးရောဂါရှိပါက)
Click to view Cleveland Clinic video

ကာကွယ်ခြင်း

လုပ်ဆောင်ရန်

  • ၁ ၊သွေးပေါင်ချိန်နှင့် ကိုလက်စထရောကို တစ်နှစ်  ၂-၃ ကြိမ် ပုံမှန်စစ်ဆေးပါ
  • ၂၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးပါ 
  • ၃၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ
  • ၄၊ နှလုံးရောဂါဖြစ်နိုင်ခြေလျှော့ချရန် ဆေးဝါးသောက်သုံးရန် စဉ်းစားပါ

ရှောင်ရန်များ

  • ၁၊ ဆေးလိပ်လုံးဝမသောက်ပါနှင့် 
  • ၂၊ လေ့ကျင့်မှုမရှိဘဲ ရုတ်တရက် အပြင်းအထန် လေ့ကျင့်ခန်း မလုပ်ပါနှင့် 
  • ၃၊ ရင်ဘတ်အောင့်ခြင်း၊ နာခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော လက္ခဏာများကို လျစ်လျူရှုမထားပါနှင့်

သင့်နှလုံးလုပ်ဆောင်မှုကို စောင့်ကြည့်ရန် ၃ လမှ ၁၂ လအတွင်း ပုံမှန် နှလုံးနှင့်သွေးစစ်ဆေးမှုများ ပြုလုပ်ဖို့ ဆရာဝန်နှင့် ပြသပါ

ရှင်းလင်းချက်။ TELEME ဘလော့ဂ်ပို့စ်များတွင် ကျန်းမာရေးအခြေအနေများနှင့် ကုသမှုများအကြောင်း အထွေထွေအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက် အစားထိုးရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အဆိုပါအချက်အလက်များသည် အကြံဉာဏ်မဟုတ်သည့်အပြင် ထိုကဲ့သို့ မှတ်ယူခြင်းလည်း မပြုသင့်ပါ။ သင်သည် မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးကိုမဆို ခံစားနေရသည်ဟု ထင်ပါက သင့်ဆရာဝန် သို့မဟုတ် အခြားကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါသည်။ ဤဝက်ဘ်ဆိုက်ရှိ အချက်အလက်များကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် နောက်မဆုတ်သင့်ပါ၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို လျစ်လျူမရှုသင့်ပါ သို့မဟုတ် ဆေးကုသမှုကို ရပ်ဆိုင်းခြင်း မပြုသင့်ပါ။

How useful was this post?

Click on a star to rate it!

Average rating / 5. Vote count:

No votes so far! Be the first to rate this post.

As you found this post useful...

Share it on social media!

We are sorry that this post was not useful for you!

Let us improve this post!

Tell us how we can improve this post?