
ကိုယ်ဝန်အပ်ခြင်းနှင့်ရက်ချိန်းပြ ခြင်
ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်နှင့်ကလေး နှစ်ဦးစလုံး၏ ကျန်းမာရေးကို စောင့်ကြည့်ရန် လိုအပ်သည့် စစ်ဆေးချက်များ ပြုလုပ်ရပါမည်။ ဆရာဝန်ထံသွားရောက်သည့် အကြိမ်တိုင်းသည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာဝန်မှကိုယ်ဝန်ဆောင်ကာလနှင့်ကလေးမွေးဖွားချိန်တွင်ဖြစ်ပေါ်နိုင်သောနောက်ဆက်တွဲပြဿနာ များကိုကြိုတင်ကာကွယ်နိုင်ရန်ကျန်းမာရေးအခြေအနေများကိုစောစီးစွာကုသနိုင်သောကြောင့်ဖြစ်ပါသည်။
ကိုယ်ဝန်အပ်ခြင်း
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအတွက် ဆရာဝန်နှင့် ပထမဆုံးလာရောက်ပြသခြင်းကိုကိုယ်ဝန်မှတ်တမ်းစာအုပ်ပြုလုပ်ခြင်း ဟုခေါ်သည်။ ဤပြသမှုသည် အရေးကြီးဆုံးဖြစ်ပြီးသင်ကိုယ်ဝန်ရှိကြောင်းအ တည်ပြုပြီးသည်နှင့်တတ်နိုင်သမျှအမြန်ဆုံးပြုလုပ်သင့်သည် (သင်သည် ဆီးစစ်ဆေးခြင်းကိရိယာကို အသုံးပြု၍ကိုယ့်ဘာသာစစ်ဆေးနိုင်ပြီးယင်းကိုသင်၏ဒေသန္တရဆေးဆိုင်များတွင်ဝယ်ယူနိုင်သည်)။ ကိုယ်ဝန် ၁၂ ပတ်မတိုင်မှီ ဆရာဝန်နှင့် ကိုယ်ဝန်စအပ်သင့်ပါသည်။
လာရောက်ပြသချိန်တွင်အောက်ပါအချက်အလက်များကို သင့်ဆရာဝန်အား ပြေပြပေးပါ။
- သင့်ရာသီလာခြင်းပုံစံ (ပုံမှန်လာခြင်း သို့မဟုတ် အလွန်အမင်းလာခြင်းနှင့်ရက်ပေါင်းဘယ် လောက်ကြာခြင်း)
- သင့်နောက်ဆုံးရာသီလာသည့်အချိန် (LMP) ၏ ပထမဆုံးနေ့
- သင့်ကျန်းမာရေးနှင့်ဆိုင်သော ရောဂါရာဇဝင် သို့မဟုတ် ခွဲစိတ်ကုသမှုများ
- မိသားစုတွင်ဖြစ်ဖူးသော ရောဂါများ သို့မဟုတ် မျိုးရိုးလိုက်သော ရောဂါများ
- လက်ရှိသောက်သုံးနေသော ဆေးဝါးများ
- ဆေးဝါးများနှင့် ဓာတ်မတည့်ခြင်း
- အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲမှု
- သင့်ယခင်ကိုယ်ဝန်ဆောင်မှုများ (ရှိခဲ့လျှင်) ဥပမာ – ဘယ်ပတ်အထိ ကိုယ်ဝန်ဆောင်ခဲ့ပြီး၊ ကလေးမွေးဖွားပုံနှင့် မွေးဖွားချိန်က ကလေးအလေးချိန်။ ယခင်ကိုယ်ဝန်ဆောင်စဉ်က ကြုံတွေ့ခဲ့ရသော အခက်အခဲများကိုလည်း မျှဝေပါ။
ပထမဆုံး ပြသသည့်အခါတွင် ခန့်မှန်းပြောပြထား သောကလေးမွေးဖွားမည့်ရက်သည်နောက်ပိုင်းပြသမှုများတွင်အနည်းငယ်ပြန်လည်ပြောင်းလဲနိုင်ပါ သည်။ ပြသသည့်အကြိမ်တိုင်းတွင် အောက်ပါ (သို့မဟုတ် ထို့ထက်ပိုသော) စစ်ဆေးမှုများ ပြုလုပ်ပါမည်
- ကိုယ်အလေးချိန်ချိန်ခြင်း
- သွေးပေါင်ချိန်တိုင်းခြင်း
- သွေးစစ်ဆေးမှု(သွေးအမျိုးအစား၊Rhအမျိုး အစားနှင့် ဟီမိုဂလိုဘင်၊သွေးတွင်းသကြားဓာတ်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာများကိုစစ်ဆေးရန်၊ကူးစက်ရောဂါများရှိ/မရှိစစ်ဆေးရန်)
- ဆီးစစ်ခြင်း
- ဗိုက်နှင့် လိုအပ်သည်များစစ်ဆေးခြင်း
ဗိုက်ကိုအာထရာဆောင်းရိုက်၍အောက်ပါတို့ကိုစစ်ဆေးခြင်း
- သားအိမ် ပုံစံနှင့် အနေအထား
- ကိုယ်ဝန်သန္ဓေတည်သည့်နေရာ
- အမွှာရှိမရှိ
- ကလေးကြီးထွားနှုန်း
ကိုယ်ဝန်ဆောင်စဉ်ဆေးခန်းပြရမည့် အကြိမ်များ
ဤသည်မှာ ဆရာဝန်နှင့် မည်မျှကြာခြင်းတစ်ကြိမ် ပြသသင့်သည်ဆိုသည့် အခြေခံလမ်းညွှန်သာဖြစ်ပါသည်။ သို့သော် သင့်ကျန်းမာရေး သို့မဟုတ် သင့်ကလေး၏ကြီးထွားမှုအပေါ် ဆရာဝန်မှ စိုးရိမ်ပါက အချို့သောသူများအတွက် ပိုမိုမကြာခဏ ပြသရန် လိုအပ်နိုင်ပါသည်။
- ၂၈ ပတ်အောက် (၁လ တစ်ကြိမ်)
- ၂၈-၃၅ ပတ်ကြား (၂ပတ် တစ်ကြိမ်)
- ၃၆ ပတ်မှ လစေ့သည်အထိ (၁ပတ် တစ်ကြိမ်)
ကိုယ်ဝန်ဆောင်စဉ် ပြသမှုတစ်ကြိမ်စီတိုင်းတွင် သင့်ကျန်းမာရေးနှင့် သင့်ကလေး၏ဖွံ့ဖြိုးမှုကို စစ်ဆေးစောင့်ကြည့်မည်ဖြစ်ပါသည်။သင့်ကလေး၏ကြီးထွားဖွံ့ဖြိုးမှုကိုအောက်ပါတိုင်းတာမှုများဖြင့် စောင့်ကြည့်သွားမည်ဖြစ်ပါသည်။
- သားအိမ်အရွယ်အစား(သင်၏ဗိုက်အရွယ်အစား)
- ရက်ချိန်းအလိုက် မိခင်ကိုယ်အလေးချိန်တိုးလာမှု
- ကလေး၏အရွယ်အစားနှင့်အနေအထားအားသိရန် အာထရာဆောင်းရိုက်ခြင်း
- ကလေး၏နှလုံးခုန်နှုန်း
- ကလေးနှလုံးခုန်နှုန်းနှင့်သားအိမ်ညှစ်အားစက် ဖြင့်စစ်ဆေးခြင်း (CTG)
- ကလေးလှုပ်ရှားမှု စောင့်ကြည့်ခြင်း (ကလေးဘယ်နှစ်ခါလှုပ်သလဲ ရေတွက်ခိုင်းနိုင်ပါသည်)
အခြား ထပ်မံစစ်ဆေးမှုများ
- ကိုယ်ဝန်ဆီးချိုရောဂါ (Gestational Diabetes) ဖြစ်နိုင်ခြေရှိပါက ကိုယ်ဝန် ၁၂ ပတ်ခန့်နှင့် ၂၄-၂၈ ပတ်အတွင်း တွေ့ဆုံစစ်ဆေးရာတွင် ပါးစပ်မှသကြားဓာတ်စစ်ဆေးမှု (OGTT) သို့မဟုတ် ပြုပြင်ထားသောသကြားဓာတ်စစ် ဆေးမှု (MGTT)ပြုလုပ်ရန်အကြံပြုခံရနိုင်ပါသည်
- ပထမ သုံးလပတ် (၁၂ ပတ်အတွင်း) အတွက် ဒေါင်းရောဂါလက္ခဏာစစ်ဆေးရန်အယ်ထွာ ဆောင်းရိုက်ခြင်း (PAPP-A၊ free Beta HCG သို့မဟုတ်NIPTကဲ့သို့သောသွေးစစ်ဆေးမှုများနှင့်အတူ)
- ဒုတိယသုံးလပတ်(၁၈-၂၂ပတ်)အတွင်းသန္ဓေ သား ပုံမမှန်မှုများ (သို့) နှလုံးချို့ယွင်းချက်များ ရှာဖွေရန် အယ်ထွာဆောင်း ရိုက်လေ့ရှိပါသည်
ကိုယ်ဝန်ဆောင်စဉ်ကာကွယ်ဆေးထိုး ခြင်း
ကိုယ်ဝန်ဆောင်ချိန်တွင် သင့်နှင့် သင့်ကလေးကို ကာကွယ်ရန် ကာကွယ်ဆေးများ ထိုးနှံရန် အကြံပြုခြင်း ခံရနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်။
- တုပ်ကွေးကာကွယ်ဆေး (တုပ်ကွေးရောဂါမှ ကာကွယ်ရန်)
- မေးခိုင်၊ဆုံစို့နာ၊ကြက်ညာချောင်းဆိုး ကာကွယ်ဆေး(ကြက်ညာချောင်းဆိုးရောဂါအား ကာကွယ်ရန်)
ကျေးဇူးပြု၍ သင့်သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ကိုယ်ဝန်ရက်ချိန်းကို မှန်မှန်ပြသပါ။ ပြသသည့်အကြိမ်တိုင်းတွင် သင့်ကျန်းမာရေးနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများကို တိုင်ပင်ဆွေးနွေးပါ။
ရှင်းလင်းချက်။ TELEME ဘလော့ဂ်ပို့စ်များတွင် ကျန်းမာရေးအခြေအနေများနှင့် ကုသမှုများအကြောင်း အထွေထွေအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက် အစားထိုးရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အဆိုပါအချက်အလက်များသည် အကြံဉာဏ်မဟုတ်သည့်အပြင် ထိုကဲ့သို့ မှတ်ယူခြင်းလည်း မပြုသင့်ပါ။ သင်သည် မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးကိုမဆို ခံစားနေရသည်ဟု ထင်ပါက သင့်ဆရာဝန် သို့မဟုတ် အခြားကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါသည်။ ဤဝက်ဘ်ဆိုက်ရှိ အချက်အလက်များကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် နောက်မဆုတ်သင့်ပါ၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို လျစ်လျူမရှုသင့်ပါ သို့မဟုတ် ဆေးကုသမှုကို ရပ်ဆိုင်းခြင်း မပြုသင့်ပါ။





