ကိုလက်စ‌ထရော

()

ကိုလက်စ‌ထရော

ကိုလက်စထရောသည် သင့်ခန္ဓာကိုယ်မှ ဆဲလ်များကျန်းမာစေရန်၊ ဟော်မုန်းများ၊ ဗီတာမင် D နှင့် အစာခြေဖျက်မှုအတွက် အရေးပါသော ဒြပ်ပေါင်းများ ထုတ်လုပ်ရန် သဘာဝအတိုင်း ထုတ်လုပ်သော အဆီဓာတ်တစ်မျိုးဖြစ်ပါသည်။ ကိုလက်စထရောကို ကျွန်ုပ်တို့စားသုံးသော အသား၊ နို့ထွက်ပစ္စည်းများနှင့် ကြက်ဥအနှစ်ကဲ့သို့သော တိရစ္ဆာန်မှရသည့် အစားအစာများတွင်လည်း တွေ့ရှိရပါသည်။

ကိုလက်စထရောသည် ကျွန်ုပ်တို့ခန္ဓာကိုယ်အတွင်း၌ အမျိုးမျိုးသောပုံစံများဖြင့် တည်ရှိပါသည်။

  • HDL (High-Density Lipoprotein) သည် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများမှ ကိုလက်စထရောများကို အသည်းဆီသို့ ပြန်လည်သယ်ဆောင်ပေးပြီး ‘ကောင်းသော’ ကိုလက်စထရောအဖြစ် သတ်မှတ်ခံရပါသည်။
  • LDL (Low-Density Lipoprotein) သည် ခန္ဓာကိုယ်အတွင်း၌အဓိကအားဖြင့်ကိုလက်စထရောများကို သယ်ဆောင်ပေးပါသည်။
  • VLDL (Very Low-Density Lipoprotein) သည် အဓိကအားဖြင့် ထရိုင်ဂလစ်စရိုက်များ (triglycerides) ကို သယ်ဆောင်ပေးပါသည်။

LDL နှင့် VLDL တို့ကို ‘မကောင်းသော’ ကိုလက်စထရောများအဖြစ် သတ်မှတ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင့်သွေးလွှတ်ကြောများအတွင်း အဆီခဲများ (plaque) စုပုံမှုကို ဖြစ်စေသောကြောင့်ဖြစ်ပါသည်။

ကိုလက်စထရောအကြောင်း AHA ဗီဒီယိုကြည့်ရန် နှိပ်ပါ

ဘာတွေကြောင့် ကိုလက်စထရောတက်ရတာလဲ

  • လေ့ကျင့်ခန်း နည်းပါးခြင်း (သို့) လုံးဝမလုပ်ခြင်းပါသော မကျန်းမာသည့် နေထိုင်မှုပုံစံ
  • အဆီများသော အစားအစာများ (အထူးသဖြင့် ပြည့်ဝဆီများ သို့မဟုတ် ကြော်ထားသော အစားအစာများ)
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း နှင့် BMI မြင့်တက်နေခြင်း
  • မျိုးရိုးဗီးဇ(မိသားစု မျိုးရိုးလိုက်ခြင်း)
  • အသက်ကြီးလာခြင်း

ကိုလက်စထရောများပြားခြင်းနှင့် ဆက်စပ်သော ရောဂါများ

  • နှလုံးသွေးကြောကျဉ်း
  • လေဖြတ်ခြင်း
  • ကျောက်ကပ် ပျက်စီးခြင်း
  • ခြေလက်သွေးကြောကျဉ်းရောဂါ

ကိုလက်စထရောမြင့်မားမှုကိုမည်သို့ ရောဂါရှာဖွေစစ်ဆေးပြီးစောင့်ကြည့်မှု ပြု လုပ်သနည်း။

ကိုလက်စထရောမြင့်နေပါလျှင်လည်းနှလုံးတိုက်ခိုက်ခံရခြင်း(သို့)လေဖြတ်ခြင်းကဲ့သို့သောပြင်းထန်သည့်အခြေအနေများမဖြစ်မချင်းရောဂါလက္ခဏာများ များသောအားဖြင့် မပြသပါ။

ကိုလက်စထရော တက်နေခြင်းကို ကုသခြင်း

သင့်ရဲ့ကိုလက်စထရောပတက်‌နေပြီးအန္တရာယ်ဖြစ်စေနိုင်သောအချက်များရှိပါက၊ဆရာဝန်ကသင့်ခန္ဓာကိုယ်အတွင်းရှိကိုလက်စထရောပမာဏကိုလျှော့ချရန်ဆေးဝါးသောက်သုံးဖို့အကြံပြုလိမ့်မည်။အဘယ်ကြောင့်ဆိုသော်ဤသို့ပြုလုပ်ခြင်းဖြင့်နှလုံးတိုက်ခိုက်ခံရခြင်း (သို့)လေဖြတ်ခြင်းတို့ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်မည် ဖြစ်သည်။

1.Statins ဆေးသည် အသည်းမှ ကိုလက်စထရောထုတ်လုပ်သည့် အင်ဇိုင်းများကို ပိတ်ဆို့ခြင်းဖြင့် အလုပ်လုပ်ပါသည်။ ဆေးသောက်နေစဉ်တွင်ပင် သင်သည် ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲထိန်းသိမ်းသင့်ပါသည်။  အောက်ပါဆေးများမှာ Statinsအဆီချဆေးအုပ်စု ဝင်ဆေးများဖြစ်ပါသည်။ Atorvastatin (Lipitor), Fluvastatin (Lescol), lovastatin (Altoprev and Mevacor), Pitavastatin (Livalo), Pravastatin (Pravachol), Rosuvastatin (Crestor) and Simvastatin (Zocor)

ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပြီး သင်သည် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အသိပေးသင့်ပါသည်။ သို့မှသာ သူ/သူမ သည် မတူညီသောပမာဏ သို့မဟုတ် မတူညီသောပုံစံသို့ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။ လက္ခဏာတွေကတော့;

  • ကြွက်သားနှင့် အဆစ်အမြစ်ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်း
  • ခေါင်းမူးခြင်း သို့မဟုတ် ငိုက်မျဉ်းခြင်း
  • ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
  • ဗိုက်အောင့်ခြင်း
  • ထုံကျင်ခြင်း သို့မဟုတ် စူးရှသောခံစားမှု (အရေပြားပေါ်တွင်)
  • ဝက်ခြံကဲ့ သို့ အဖုအပိန့်များထွက်ခြင်း
  • အသည်း သို့မဟုတ် ပန်ကရိယ ရောင်ရမ်းခြင်း
  • ကြွက်သားရောင်ခြင်း

2.Fibrates ဆေးသည် သင်၏ triglycerides ပမာဏကို လျှော့ချပေးပြီး သင်၏ HDL ပမာဏကို မြှင့်တင်ပေးသည်။ အောက်ပါဆေးများမှာ Fibrates အဆီချဆေးအုပ်စုဝင်များဖြစ်သည်။ Clofibrate (Atromid), Gemfibrozil (Lopid) and Fenofibrate (Antara, Lofibra and Triglide)

ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပြီး သင်သည် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အသိပေးသင့်ပါသည်။ သို့မှသာ သူ/သူမ သည် မတူညီသောပမာဏ သို့မဟုတ် မတူညီသောပုံစံသို့ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။  လက္ခဏာတွေကတော့;

  • ကြွက်သားနှင့် အဆစ်အမြစ်ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • ခေါင်းမူးခြင်း
  • ဝမ်းလျှောခြင်း
  • ဗိုက်အောင့်ခြင်း

3.Ezetimibe(Ezetrol)သည်ကိုလက်စထရောစုပ်ယူမှုကိုဟန့်တားပေးသောဆေးဖြစ်ပြီးအူများမှစုပ်ယူမှုကိုတားဆီးခြင်းဖြင့်LDLကိုလက်စထရောကို လျှော့ချပေးသည်။ဘေးထွက်ဆိုးကျိုးများကြောင့်statinsဆေးကိုမခံနိုင်သောအခါနှင့်statinsဆေးနှင့်တွဲဖက်ကုသမှုအဖြစ်လည်း အသုံးပြုပါသည်။

ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပြီး သင်သည် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အသိပေးသင့်ပါသည်။ သို့မှသာ သူ/သူမ သည် မတူညီသောပမာဏ သို့မဟုတ် မတူညီသောပုံစံသို့ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။ လက္ခဏာတွေကတော့;

  • ခေါင်းကိုက်ခြင်း
  • ဝမ်းလျှောခြင်း
  • ဗိုက်အောင့်ခြင်း
  • နှာစေးခြင်း နှင့် အာသီးယောင်ခြင်း
  • အဆစ်အမြစ် ကိုက်ခဲခြင်း

ကာကွယ်ခြင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ

လုပ်ဆောင်ရန် အချက်များ

တစ်နှစ်လျှင် ၂-၃ ကြိမ် သင်၏ ကိုလက်စထရောကို စစ်ဆေးပါ။ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးပါ။ကိုလက်စထရောနည်းသော အစားအစာများကို ရွေးချယ်ပါ။ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။နှလုံးရောဂါ သို့မဟုတ် လေဖြတ်နိုင်ခြေကို လျှော့ချရန် ဆေးဝါးသောက်သုံးရန် စဉ်းစားပါ။

ရှောင်ရန်အချက်များ

ဆေးလိပ်မသောက်ပါနှင့်။သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် မဆွေးနွေးဘဲ သင်၏ ကိုလက်စထရောဆေးကို မရပ်တန့်ပါနှင့်။

သင်၏ ကိုလက်စထရောနှင့် ဂလူးကို့စ်ပမာဏကို စောင့်ကြည့်ရန် ပုံမှန်သွေးစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် သင့်ဆရာဝန်နှင့် ပြသပါ။

ရှင်းလင်းချက်။ TELEME ဘလော့ဂ်ပို့စ်များတွင် ကျန်းမာရေးအခြေအနေများနှင့် ကုသမှုများအကြောင်း အထွေထွေအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက် အစားထိုးရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အဆိုပါအချက်အလက်များသည် အကြံဉာဏ်မဟုတ်သည့်အပြင် ထိုကဲ့သို့ မှတ်ယူခြင်းလည်း မပြုသင့်ပါ။ သင်သည် မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးကိုမဆို ခံစားနေရသည်ဟု ထင်ပါက သင့်ဆရာဝန် သို့မဟုတ် အခြားကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါသည်။ ဤဝက်ဘ်ဆိုက်ရှိ အချက်အလက်များကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် နောက်မဆုတ်သင့်ပါ၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို လျစ်လျူမရှုသင့်ပါ သို့မဟုတ် ဆေးကုသမှုကို ရပ်ဆိုင်းခြင်း မပြုသင့်ပါ။

How useful was this post?

Click on a star to rate it!

Average rating / 5. Vote count:

No votes so far! Be the first to rate this post.

As you found this post useful...

Share it on social media!

We are sorry that this post was not useful for you!

Let us improve this post!

Tell us how we can improve this post?