စိတ်ဖိစီးမှုများကိုကိုင်တွယ်ဖြေရှင်း ခြင်း၏ အရေးပါမှု

()

စိတ်ဖိစီးမှုများကိုကိုင်တွယ်ဖြေရှင်း ခြင်း၏ အရေးပါမှု

နေ့စဉ်ဘဝမှာစိတ်ဖိစီးမှုတွေကိုလုံးဝရှောင်လွှဲဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။လုပ်ငန်းခွင်ဝင်‌နေရတဲ့နေရတဲ့လူကြီးတစ်ယောက်အနေနဲ့အလုပ်ဆိုင်ရာ ပန်းတိုင်တွေပြည့်မီဖို့၊ဘီလ်ငွေတွေကိုမှန်မှန်ပေး ဆောင်ဖို့၊မိသားစုတာဝန်တွေကိုထမ်းဆောင်ဖို့စတဲ့ဖိအားတွေနဲ့ရင်ဆိုင်ရပါတယ်။သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအချိန်မှီမပြီးနိုင်တာ၊တစ်နေ့တာလုံးမှာအလုပ်တွေကိုအပြီးသတ်ဖို့အချိန်လုံလောက်မှုမရှိဘူးလို့ခံစားရတတ်ပါတယ်။နောက်ဆုံးမှာတော့ ဖိအားတွေတဖြည်းဖြည်းစုပုံလာပြီးသင့်ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ လူမှုဘဝ ကိုပါထိခိုက်လာတတ်ပါတယ်

စိတ်ဖိစီးမှုဟာမကောင်းတဲ့အရာတစ်ခုလို့အမြဲတမ်းသတ်မှတ်လို့မရပါဘူး။အနည်းငယ်သောစိတ်ဖိစီးမှုကသင့်ကိုအာရုံစူးစိုက်စေပြီးသင့်ရဲ့အလုပ်အကိုင် မှာထူးချွန်အောင်လုပ်ဆောင်ဖို့လှုံ့ဆော်ပေးနိုင်ပါတယ်။ဒါပေမယ့်သင်ဟာမကြာခဏပင်ပန်းနွမ်းနယ်ပြီးစိတ်ဓာတ်ကျနေတယ်လို့ခံစားရတယ်ဆိုရင်သင့်ရဲ့ခံစားချက်နဲ့အတွေးတွေကိုထိန်းချုပ်ဖို့လိုအပ်ပါ တယ်။သင့်ဘဝဟာဘယ်လောက်ပဲစိတ်ဖိစီးစရာကောင်းနေပါစေ၊ဖိအားတွေကိုကျော်လွှားပြီးသင့်ဘဝကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နည်းလမ်းတွေအမြဲတမ်းရှိပါတယ်။

စိတ်ဖိစီးမှုများကိုကိုင်တွယ်ဖြေရှင်းခြင်း၏ အရေးပါမှု

သင့်ရဲ့စိတ်ဖိစီးမှုအဆင့်ဟာလွန်လွန်ကဲကဲဖြစ်လာ ပြီးသင့်ရဲ့ကျန်းမာရေးအပေါ်ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်ဆိုရင်၊ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ပိုမိုကျန်းမာလာဖို့အတွက်သင်ကိုယ်တိုင် ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။စိတ်ဖိစီးမှုကိုစီမံခန့်ခွဲရာမှာအဓိကရည်ရွယ်ချက်ကတော့အလုပ်နဲ့ကိုယ်ရေးကိုယ်တာဘဝအတွက် လုံလောက်တဲ့အချိန်တွေနဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်တဲ့မျှတတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ပါပဲ။သင့်ရဲ့စိတ်ဖိစီးမှုကိုရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက်အောက်မှာအကြံပြုထားတဲ့ကိုယ့်အားကိုယ်ကိုးအကူအညီပေးနိုင်တဲ့ နည်းလမ်းတချို့ကို စမ်းကြည့်ပါ။

1.၁။နေ့စဉ်ဘဝမှာမိမိတွေ့ကြုံခံစားနေရတဲ့စိတ်ဖိစီးမှုများရဲ့ အကြောင်းရင်းကို ရှာကြည့်ပါ

စိတ်ဖိစီးမှု၏ အကြောင်းအရင်းည် အတွင်းပိုင်း (သို့မဟုတ်)အပြင်ပိုင်းဖြစ်နိုင်ပါသည်။ စိတ်ဖိစီးမှုသည်ကွာရှင်းခြင်းသို့မဟုတ်အလုပ်တွင်မအောင်မြင်မှုကဲ့သို့သောအပျက်သဘောဆောင်သော အဖြစ်အပျက်များကြောင့်အမြဲတမ်းဖြစ်စေတာမဟုတ်ပါဘူး။ အလုပ်တိုးမြှင့်ခြင်း၊ အိမ်ထောင်ပြုခြင်း သို့မဟုတ်ကောလိပ်တက်ခြင်းကဲ့သို့သောအပြုသဘောဆောင်သော အဖြစ်အပျက်များကြောင့်လည်း ဖြစ်ပေါ်စေနိုင်ပါသည်။ထိုသို့သောအပြင်ပိုင်းအကြောင်းရင်းများသည်ပိုမိုမြင့်မားသော လိုအပ်ချက် သို့မဟုတ်ကြီးမားသောတာဝန်များကိုဖြစ်ပေါ်စေပြီး သင့်အတွက်အလွန်အမင်းဖိစီးနေသည်ဟုခံစားရစေနိုင်ပါသည်။ 

အတွင်းပိုင်းအကြောင်းရင်းများမှာကိုယ်တိုင်ဖန်တီးထားသော အတွေးများ (ဥပမာ – မဖြစ်နိုင်သည့် ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်များ သို့မဟုတ် ကိုယ့်စွမ်းရည်ကို ယုံကြည်မှုနည်းခြင်း) တို့ကြောင့် ဖြစ်ပေါ်လာပါသည်။ တချို့သော စိတ်ဖိစီးမှုများကို အလုပ်ကိုယ်၌ကတောင်းဆိုသည့် လိုအပ်ချက်ထက် လိုအပ်သည်ထက် ပိုပြီး စိုးရိမ်ကြောင့်ကြခြင်း (သို့) အလုပ်တာဝန်များကိုအချိန်ဆွဲဆိုင်းထားခြင်းကဲ့သို့သောကိုယ်တိုင်၏အပြုအမူများကပိုမိုဆိုးရွားစေပါသည်။

စိတ်ဖိစီးမှုရဲ့ တကယ့် အကြာင်းအရင်း သိရှိဖို့ဆိုရင် ပထမဦးစွာမိမိရဲ့အကျင့်များ၊စိတ်နေသဘောထားများနဲ့ အားနည်းချက်တွေကို နားလည်ဖို့လိုပါတယ်။

  • စိတ်ဖိစီးမှုကို ‘ယာယီပဲ’ ဆိုပြီး လျှော့ပြီးလျှော့ပြောနေတာ မဟုတ်ဘူးလား… နောက်ဆုံးအနားယူခဲ့တဲ့အချိန်ကိုတောင် မမှတ်မိတော့ဘူးဆိုရင်
  • စိတ်ဖိစီးမှုကို သင့်အလုပ် (သို့) အိမ်တွင်းဘဝရဲ့ မရှိမဖြစ်အစိတ်အပိုင်းလို့ သတ်မှတ်နေလား… ဒါမှမဟုတ် သင့်ကိုယ်ရည်ကိုယ်သွေးရဲ့ အစိတ်အပိုင်းတစ်ခုလို့ မြင်နေလား။
  • သင့်စိတ်ဖိစီးမှုကို အခြားသူများ (သို့) အပြင်ဖြစ်ရပ်တွေအပေါ် အပြစ်တင်နေသလား… ဒါမှမဟုတ် ဒါကို လုံးဝပုံမှန်လို့ မြင်နေသလား?

စိတ်ဖိစီးမှုမှတ်တမ်းတစ်ခုဖန်တီးပြီးသင့်ရဲ့အဖြစ် များသော စိတ်ဖိစီးမှုပြဿနာတွေကို ဆန်းစစ်ပါ။ သင်ဘယ်လိုခံစားရသလဲ၊အခြေအနေကိုဘယ်လိုတုံ့ပြန်သလဲနဲ့ပုံမှန်အားဖြင့်သင့်ကိုယ်သင်ပိုကောင်း အောင်ဘာလုပ်လေ့ရှိသလဲဆိုတာရေးမှတ်ထားပါ။ဒီလိုလုပ်ခြင်းအားဖြင့်သင့်စိတ်ဖိစီးမှုရဲ့အမှန်တကယ်အရင်းအမြစ်တွေကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့စိတ်ဖိစီးမှုကို ဖန်တီးရာနဲ့ ထိန်းသိမ်းရာမှာ ကိုယ်တိုင်ပါဝင်နေတဲ့အခန်းကဏ္ဍကိုတာဝန်ယူမခံယူမချင်း၊သင့်ရဲ့စိတ်ဖိစီးမှုအဆင့်ဟာသင့်ထိန်းချုပ်မှုအောက်မှာ ရှိနေမှာမဟုတ်ပါဘူး။

နေ့စဉ်စိတ်ဖိစီးမှုများကို စီမံခန့်ခွဲနည်းများ (ဩစတြေးလျ စိတ်ပညာအသင်း၏ လမ်းညွှန်) ဗီဒီယိုကို ကြည့်ရှုရန် နှိပ်ပါ

2.၂။သင့်ရဲ့မကောင်းသောစိတ်ဖိစီးမှုကိုင်တွယ်နည်းကို ပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့ အစားထိုးပါ 

သင့်ရဲ့စိတ်ဖိစီးမှုမှတ်တမ်းကစိတ်ဖိစီးမှုကို သင်ဘယ်လိုတုံ့ပြန်လေ့ရှိသလဲဆိုတာသိရှိဖို့ ကူညီ‌‌ ပေးနိုင်ပါတယ်။အများစုကစိတ်ဖိစီးမှုကိုယာယီ သက်သာစေဖို့မမှန်ကန်တဲ့နည်းလမ်းတွေကိုအသုံးပြုတတ်ကြပါတယ်။ဒီလိုမကောင်းတဲ့အလေ့အထတွေဟာရေရှည်မှာသင့်ရဲ့စိတ်ကျန်းမာရေးကိုသာမကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါပိုမိုဆိုးဝါးစေနိုင်ပါတယ်။

စိတ်ဖိစီးမှုများကို‌ဖြေရှင်းဖို့မမှန်ကန်တဲ့နည်းလမ်းတွေကို အသုံးပြုတတ်ကြပါတယ်။ဥပမာ အနေနဲ့ အောက်ပါ အချက်တွေကိုကြည့်နိုင်ပါတယ် :

  • ဆေးလိပ်သောက်ခြင်း/အရက်/ မှုးယစ်ဆေးဝါး
  • ကျန်းမာရေးနှင့်မညီညွတ်သောအစားအသောက်အလေ့အထများ(ဥပမာ-အာဟာရမဖြစ်သော အသင့်စားအစားအစာများ)
  • အိပ်ချိန်နည်းလွန်းခြင်းသို့မဟုတ်အိပ်ချိန်များ လွန်းခြင်း
  • အခြားသူများကိုအပြစ်တင်ခြင်းသို့မဟုတ် မကျေနပ်ခြင်း
  • မိသားစုသို့မဟုတ်သူငယ်ချင်းများရဲ့လှုပ်ရှားမှုများသို့မဟုတ်အခမ်းအနားများကိုရှောင်ဖယ် ခြင်း

မမှန်ကန်တဲ့နည်းလမ်းတွေအစားစိတ်ဖိစီးမှုကိုသက်သာစေဖို့အတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့လှုပ်ရှားမှုတွေကို လုပ်ဆောင်ကြည့်ပါ၊ ဥပမာ

  • သူငယ်ချင်းတွေနဲ့အတူ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အားကစားလှုပ်ရှားမှုတွေ လုပ်ခြင်း
  • ယောဂ / ပီလတ်စ် / တရားထိုင်ခြင်း သင်တန်းများ တက်ခြင်း
  • အခက်အခဲရှိသူတွေကို ကူညီဖို့ စေတနာ့ဝန်ထမ်းလုပ်ခြင်း
  • ပိုမိုကျန်းမာတဲ့ အစားအသောက်အစီအစဉ်ကို ကျင့်သုံးခြင်း
  • ပျော်ရွှင်စရာ အခမ်းအနားတွေကို ဆင်နွှဲဖို့ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ခြင်း
  • သီချင်းနားထောင်ခြင်း၊ မျက်နှာပေါင်းတင်ခြင်း သို့မဟုတ် အနှိပ်ခံခြင်း စတဲ့ ကိုယ့်ကိုယ်ကို
  • အပန်းဖြေဖို့ အချိန်ပေးခြင်းလုံလောက်တဲ့ အနားယူခြင်း သို့မဟုတ် အိပ်စက်ခြင်း

ရှင်းလင်းချက်။ TELEME ဘလော့ဂ်ပို့စ်များတွင် ကျန်းမာရေးအခြေအနေများနှင့် ကုသမှုများအကြောင်း အထွေထွေအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက် အစားထိုးရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အဆိုပါအချက်အလက်များသည် အကြံဉာဏ်မဟုတ်သည့်အပြင် ထိုကဲ့သို့ မှတ်ယူခြင်းလည်း မပြုသင့်ပါ။ သင်သည် မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးကိုမဆို ခံစားနေရသည်ဟု ထင်ပါက သင့်ဆရာဝန် သို့မဟုတ် အခြားကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါသည်။ ဤဝက်ဘ်ဆိုက်ရှိ အချက်အလက်များကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် နောက်မဆုတ်သင့်ပါ၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို လျစ်လျူမရှုသင့်ပါ သို့မဟုတ် ဆေးကုသမှုကို ရပ်ဆိုင်းခြင်း မပြုသင့်ပါ။

How useful was this post?

Click on a star to rate it!

Average rating / 5. Vote count:

No votes so far! Be the first to rate this post.

As you found this post useful...

Share it on social media!

We are sorry that this post was not useful for you!

Let us improve this post!

Tell us how we can improve this post?

Leave a Comment